She equal me or She unequal me
=============================
သူမ ညီမျှခြင်း ကျွန်တော် သို့တည်းမဟုတ် သူမ မညီမျှခြင်း ကျွန်တော်
==========================================================
ကျွန်တော်ရော၊ သူမရော.......
လူသား။ အမေ့ဝမ်းက သန့်စင်လိုက်တာနဲ့ အူဝဲအော်ခဲ့ကြတာ တူတယ်။ မအော်ခဲ့ရင် ဆရာဝန်၊ သူနာပြု သို့တည်းမဟုတ် ဝမ်းဆွဲလက်သည်က ကျောကိုပုတ်ခတ် နှိုးလို့ အူဝဲ အော်စေလိမ့်မယ်။
ကျောင်းအပ်စ ကျောင်းမသွားခဲ့ချင်၊
ကျောင်းပျော်စ ကျောင်းကိုခင် ခဲ့ သလို စာကျက်ပျင်းခဲ့ကြခြင်းရော သူမနဲ့ကျွန်တော် တူညီခဲ့တယ်။
ဒါဆို သချာင်္ လို အချိုးချကြည့်မယ်
ကျွန်တော်=သူမ
ကျွန်တော် ညီမျှခြင်း သူမ.....
အချိန်နဲ့ထပ်တူ အရွယ်က တစ်စတစ်စ ရင့်ရော်လာတော့လည်း
အလုပ်ခွင်နဲ့ ပညာရေး ရောထွေးပွန်းတီး လူလတ်ပိုင်း အရွယ်မှာ ပျင်းရိခြင်း တွယ်ကပ်တာလဲ တူခဲ့တယ်
နောက်တစ်ကြိမ်ဆုံရင်တော့
လေးဆယ်ကျော် ငါးဆယ်အတွင်းမှာ ပြန်ဆုံကြရင် ငယ်ချစ်ဦးရယ်....သူမမှာလဲ ကလေးတွေ ခွေးတွေနဲ့ ကျွန်တော့်မှာ အကြွေးတွေ အချေးတွေ
ရယ်စရာပဲနော်
လူအိုဆောင်တက်ရလို့ မပျော်နိုင်သလို၊ တရားမွေ့လျော် ပျော်ပိုက်တာလဲ အရွယ်တရားဘဲ မို့ ရယ်စရာ ဖြစ်မနေလောက်ပါဘူး...
ညီမျှခြင်းတွေ အချိုးချခဲ့ သူမကို အံ့သြမပြီးခင်၊ မှားမှန် မကွဲပြားဘဲ ညီမျှခြင်းတွေ သေဆုံးကုန်တယ်။
ညီမျှခြင်း မဟုတ်ဘူးဆိုရင် မညီမျှခြင်း လို့ ဆိုမှာလား?
မဟုတ်သေးဘူး။ ညီမျှခြင်း မဟုတ်ဘူးဆိုမှဖြင့် မတူညီတာ အားလုံးပေါ့....
တက္ကသိုလ် ဝင်တန်း တက်ဖူးသူတိုင်း မှတ်မိလိမ့်ဦးမည်။
သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြှင့်၊ ကျန်ကောင်းသင့်၏။ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏
သူမ ဆရာဇော်ဂျီရဲ့ မေတ္တာလမ်းညွှန် နားလည်ပါစ
ညီမျှခြင်း...... တူညီသည်.....
သချာင်္ တွက်ချက်ရာ အမြင်ကပ်လောက်အောင် အသုံးဝင်တယ်။
၁=၁။ ၅သည် ၈မဟုတ်လို့ ၅=၈လို့ ရေးမရနိုင်....
၅မညီမျှခြင်း ၈ပေါ့....
ကျွန်တော်သည် သူမ မဟုတ်လို့.....
ကျွန်တော်=သူမ လို့ မဆိုနိုင်.....
ဒါဆို........ဪ.. မညီမျှခြင်းပေါ့
လက်တွေ့လုပ်ဆောင်မှုမှာလဲ
ကျွန်တော် သူမကို ကြည့်မရပါ။ ကျွန်တော် မကြိုက်တာတွေ သူမ လုပ်ဆောင်တတ်လို့။
သူမလဲ ကျွန်တော့်ကို မကြည်ဖြူနိုင်တဲ့။
သူမ မကြိုက်တာတွေ ကျွန်တော်လုပ်တတ်လို့။ အတည်ဗျ
ကျွန်တော် ညီမျှခြင်း သူမ အချိုးမကျနိုင်တော့။ သူမဆန္ဒ မညီမျှခြင်း ကျွန်တော့်ဆန္ဒ လို့ သုံးနှုန်းလိုက်တယ်။
ညှိနှိုင်းမရနိုင်တော့တဲ့ ညီမျှခြင်းလား??မညီမျှခြင်းလား??
လိုချင်လွန်းတဲ့ လောဘ
အကွပ်မဲ့ ဒေါသတွေ
ထွေပြားဝေဝါး မောဟတွေ
သူမစိတ်ရင်းတည် ဦးဆောင်ရာလိုက်က နေသမျှတော့ ကမ္ဘာပျက်ဆုံး စေဦးတော့
ကျွန်တော် ညီမျှခြင်း သူမ
ဖြစ်လာစရာ ကမ်းစပ်တွေ့မည်မဟုတ်တော့......
သင်္ချာပုစ္ဆာထဲက ညီမျှခြင်း သူမတွေ့မိရင် ဆရာဇော်ဂျီရဲ့ ကဗျာကို သတိရတွေးမိလို့ လောဘ၊ဒေါသ၊မောဟ အဖော်၃ဦးကို ငြင်းကန်နိုင်ပြီး ကျွန်တော့်စိတ်ကို နားလည်ခဲ့ရင်တော့..
သူမ ညီမျှခြင်း ကျွန်တော်လား?
သူမ မညီမျှခြင်း ကျွန်တော်ပဲလား?
????
A crashing bore boy
No comments:
Post a Comment