ကြယ်လေး သိပါ့မလား
ပမ်း သ မျှ
ပြေ ပျောက် စေ မယ့်
ကြယ်လေး ဆို သော
လူ တစ် ယောက် ရယ် က
ကိုယ့် အ ပါး မှာ မှ
မ ရှိ တော့ တာ လေ
မျက် နှာ ချင်း ဆိုင်ဖို့ ဝေး
အွန်လိုင်း မှာ တောင်
ကြယ်လေး အက်တစ်ဗ်(active)
ဖြစ် မ လာ နိုင် တော့.....
Page တစ်ခုမှာ စာဖတ်နေလို့
စာတိုလေး မကြည့်မိရင်..
`ဘူနဲ့ပြောနေတာလဲ´ အစချီ
ဆိုးနွဲ့တတ်တဲ့ ကြယ်လေး....
ခုတော့ ညဥ့်နက်တဲ့ အွန်လိုင်းထက်မှာ
ခြောက်ကပ်ကပ်လေး အချိန်ကုန်သွားတယ်
သံသရာ ဘဝဲမှာ ကံကြမ္မာရယ် မှောက်မှားလို့
ရင်ခုန်သံ ကျရောက်ရာ အရပ်မှာ
အချစ်ကိုဆွမ်းခံရင်း အဆိပ်သင့်လေရော့သလား
ကြယ်လေးရယ်....
ချစ် သူ တွေ လား??
မ ဟုတ် သေး ပြန် ဘူး နော်...
မောင်နှမ ၊ သူ ငယ်ချင်း လား ???
ကိုယ့်ဘက်က ငြင်း ဆန် ရ လိမ့် ထင် ပါ့နော်....
ကြယ်လေးရော.....
ကြည့်စမ်းပါဦး....
ဟာသတွေ လည်း ပျင်း ရိ ရိနဲ့
သီချင်းတွေ လဲ နား ဝင် မ ချို
ပုံ ပြင် တွေ လည်း ရှည် လျား လာတယ်
မင်း သိ နိုင် ပါ့ မလား
ပန်း မ ဟုတ် သော် ညား
ကိုယ့် ရင် မှာ
စမ်း မ ဟုတ် တာ ကို တော့
ဘယ် သူ မြင် ဘယ် သူ သိ မ လဲ
ကြယ် လေး ရယ်...
No comments:
Post a Comment