ဆက်၍ဆက်၍ ......
အသက်ငယ်တဲ့ နှမငယ်ရေ......
တွေ့ဆုံခွင့်ဆိုတာ မသေချာဘဲ
မရေရာစွာ တွေ့ဆုံမိပြန်တယ်ဲ
စိမ့်ယိုထွက်တဲ့ ချစ်ခြင်းဓာတ်ကို
တားဆီး ဖြတ်တောက် မတတ်နိုင်ခဲ့ပြန်ဘူး.......
မပိရိ မဖုံးဖိနိုင်တဲ့ ဥာဏ်နဲ့
လိမ်ညာ သွေဖီလို့ စမ်းချင်ရော့လား
မာန်ပါပါ မလိမ်ညာတတ်ပါဘူး
အိုကွယ်.... ကံတရားရယ်
ခေါင်း ငိုက်စိုက်ချ လိုက်တာကို
မကျေနပ်သေးဘူး ဆိုပြန်ရော့လား...
နောက်ကျော ထိုးမယ့် ဓားတစ်လက်ကို
ငါ့နှလုံးသား ကျောက်သားကြမ်းထက်မှာ တင်
ပြီးရင် ငါ့မျက်ရည်နဲ့သွေးစမ်းပါလေ....
ငှဲ့ညှာဖို့ တောင်းဆိုမှာက
နောက်ကျောဆိုပေမယ့်
ဆက်၍ဆက်၍.. ....
လိမ်ညာပြီး ထိုးပါ နှမငယ်.....
Moe Myint Oo (A crashing bore boy)
No comments:
Post a Comment