ရိုက်ချိုးပစ်လိုက်ချင်တယ်
အတိတ်က
ဘယ်သူတွေ ဘာလုပ်ခဲ့တယ်
ဘာတွေ တွေးခဲ့တယ်
ခဏခဏ
ခေါင်းထဲ ရိုက်သွင်းခံရတာ များတော့
စာသင်ခန်းထဲ ဝင်ဖို့
တခါတရံ တုန့်ဆုတ်မိတတ်လာတယ်
အနာဂတ်မပါဘဲ
အတိတ်က ယဉ်ကျေးမှုဟောင်း၊ ဓလေ့ထုံးစံဟောင်း၊
အယူအဆဟောင်း၊ အတွေးအခေါ်ဟောင်း တွေ
အသားပေးထားတဲ့
အတိတ်အခြေပြု သင်ရိုးကြီးကို
ထပြီး ရိုက်ချိုးပစ်လိုက်ချင်တယ်
A crashing bore boy
No comments:
Post a Comment