အချစ်ဆိုတာနနဲ့ ကင်းလွတ်နေတဲ့ငါကို...
အချစ်ဆိုတာ....
ပျားရည်လို ချိုသတဲ့လေ.....
ကိုင်းကွာ......
အချစ်ကို ပျားရည်နဲ့ရောလို့ ငါ မြိုချလိုက်တယ်...
ပျားရည်ကချိုသလောက် လျှာဖြားက ခါးသက်သက် အရသာဟာ
အချစ်ပဲ
အချစ်ဆိုတာ.......
စမ်းရေလို့ သူတို့တွေ ဆိုကြရေးကြပြန်တယ်.....
ကိုင်းကွာ.......
အချစ်ကိုစမ်းရေနဲ့ရောလို့ ငါသောက်ချလိုက်တယ်....
စမ်းရေကအေးသလောက် ရင်ထဲမှာ
ပူခြစ်ခြစ်နဲ့ ငရဲသမျှထင်ရတဲ့ အရသာဟာ
အချစ်ထင်ပါ့....
အချစ်....အချစ်.......အချစ်
အချစ်မရှိရင် အထီးကျန်တယ် သူတို့ဆိုကြပြန်ရော...
ကိုင်းကွာ.....
အချစ်ဆိုတာကို အထီးကျန်ခြင်းနဲ့ရော
တိတိကျကျ ဖက်တွယ်ထား လိုက်တယ်
အို.......
အထီးကျန်ခြင်းက အေးချမ်းနေသလောက်ဗျာ
ရင်မှာ ဟာတာတာနဲ့ နေထိုင်ရခက်စေတာက
အချစ်ပေါ့........
ဘယ်သို့ပင် ရှိစေ
အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ များလွန်းတဲ့ အချစ်ကို
ငါမေ့ထားလိုက်တယ်
မသေချာ မရေရာနဲ့ သတ်မှတ်ချက်တွေနဲ့
အသက်ရှူနေကြတဲ့ လူတွေကြားမှာ
မှန်ကန်တာ တစ်ခုသာ အလိုရှိတာမို့
ငါ့ကို လိမ်ညာမှု ကင်းကင်း..............................
A crashing bore boy
No comments:
Post a Comment