ပညာရေး အမြင်
=============
ပညာရေး ဖျက်ဆီးခံခဲ့ရတယ်၊ နိမ့်ကျခဲ့တယ်တဲ့ မှန်သပါ့။ ထပ်ဖြည့်ရမှာက ခုလည်းပျက်ဆီးတုန်း၊ နိမ့်ကျတုန်းပါပဲ
`ဟ!!!! ပညာရေးနိမ့်ကျ မှာပေါ့ စစ်အာဏာရှင်တို့ နှစ်ငါးဆယ်ကြာ ရိုက်ချိုး ဖျက်ဆီးခဲ့တာပဲ´
အဲ့လိုပြောတဲ့ လူတော်တော်များကို ကြည့်မိတယ်။ ပါးစပ်ဖျားက လေဖျန်း ဟိုအပြစ်ဆို ဒီအပြစ်ချနဲ့ သူတို့ ကိုယ်တိုင် နိမ့်ကျပါတယ်ဆိုတဲ့ စနစ်ကြီးကို အသက်ရှည်အောင် အသက်သွင်းလို့.....
ပညာရေးစနစ် ပြုပြင်ပြောင်းလဲ နေပါပြီ တဲ့
ဘာမှမလုပ်မီ ရလဒ်က ချောင်ထဲအိပ်တုန်းရှိသေး ချီးကျူးထောပနာပြုတဲ့သူကပြု......
Reform ဆိုတဲ့ ပြုပြင်ပြောင်းလဲတယ်ဆို တာ ပုံစံသစ်ပြောင်းလိုက်ခြင်းသာ ဖြစ်တယ်။ နဂိုရှိရင်း အဆောက်အအုံကို ဆေးထပ်သုတ်ခြင်း၊ တံခါသစ်တိုးချဲ့ခြင်း၊ ပြတင်းပေါက်သစ် ဖောက်လုပ်ခြင်း လုပ်ဆောင်သည်နှင့် တူတယ်။ မူလအဆောက်အအုံနဲ့ အုတ်မြစ်ကတော့ ကျန်ရှိဆဲ၊ အသုံးပြုမြဲပင်။
ကျွန်တော်ဆိုလိုသည်က ပညာရေးကို ပြုပြင် ပြောင်းလဲပြီဆိုသော်ငြား စစ်အစိုးရ လက်ထက်တွင် ရိုက်ချိုးဖျက်ဆီး၍ စုတ်ပြတ်သတ်နေသည် ဆိုသည့် စနစ်ကြီးကို အုတ်မြစ်အဖြစ် ကျောမှီ၍ ပြုပြင်ပြောင်းလဲရုံနှင့် လူ့အဖွဲ့အစည်းအသစ် ထွက်ပေါ်လာမည် မထင်။
ယခုလူ့အဖွဲ့အစည်းကို အလိုမရှိလျှင် သို့တည်းမဟုတ် လူ့အဖွဲ့အစည်းအသစ် ပေါ်ထွန်းလိုလျှင် စုတ်ပြတ်နေပြီဆိုသော ပညာရေးစနစ်ကို ပြုပြင်နေရုံနှင့် မလုံလောက်နိုင်ပေ။ ထိုစနစ်ဟောင်းကို အခြေခံ ပြုပြင်မနေဘဲ ပညာရေးစနစ်သစ်ကို လုံးလုံးလျားလျား ပြောင်းလဲ အသုံးပြုရမည်။ စနစ်ဟောင်းကို အခြေခံ ပြုပြင်ပြောင်လဲ နေရုံနဲ့တော့ လူ့အဖွဲ့အစည်းဟောင်း၊ ယဉ်ကျေးမှု ဟောင်း၊ ဓလေ့ ထုံးစံဟောင်း၊ အတွေးအခေါ်ဟောင်း တွေကို လက်ဆင့်ကမ်း သယ်ဆောင်မယ့် ကျောင်းသား/သူ တွေပဲ မွေးထုတ်ပေးတဲ့ စနစ်ကြီးပဲ ဖြစ်နေဦးမှာပဲ။
ဟိုအပြစ်ချ ဒီလက်ညှိးထိုးနှင့် ထိုထို မကောင်းဟု ယူဆသော စနစ်ကိုသာ အုတ်မြစ်ထား၍ အမည်အမျိုးမျိုးတပ် ပြုပြင်ပြောင်းလဲ နေ၍ကား လုံးဝသစ်လွင်ကောင်းမွန်သော လူ့အဖွဲ့အစည်းသစ် ထွက်ပေါ်လာနိုင်မဟုတ်။ လူပိန်းကြိုက် `တန်းတူညီမျှ အခွင့်ရေး´တဲ့ မူကြိုကျောင်းသားချင်းတူပေမယ့် တောရွာက မူကြိုကျောင်းသား အခွင့်ရေး နဲ့ မြို့က မူကြိုကျောင်းသား အခွင့်ရေး တန်းတူညီမျှ မဖြစ်တာကို မျက်စိမှိတ် အော်ချင်နေတုန်း......
အပြစ်တွေထောက်ကြရင်း အသစ်သစ်ကို မကြံဘဲ မကောင်းတဲ့ အဟောင်းအုတ်မြစ်ကြီးကို ပြုပြင်ပြောင်းလဲ နေသ၍ ကမောက်ကမ ကတောက်ကဆ................
ပညာရေးမှာ လူသား အချင်းချင်း ချစ်ခင်ဖို့၊ ကမ္ဘာလောကကြီးကို ချစ်တတ်ဖို့ ရင်သွေးငယ်တွေကို လေ့ကျင့်ပျိုးထောင် ပေးရမယ်တဲ့။
ကောင်းမွန်မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေ ၊ စီမံချက်တွေက စက္ကူ ထက်မှာ အမိုက်စား လုပ်ဆောင်ချက်တွေက ငါးခြောက်ပြားသာသာ။
ပညာရေးစနစ်က ကျက်ဖြေ ရမှတ်ယှဉ်ပြိုင်မှုပေါ် မူတည် တော်တယ်၊ ညံ့တယ် အဆင့်တွေခွဲလို့ ကလေးတွေကို သူ့ထက်ငါ သာအောင် ၊ သူ့ထက်ငါ ပထဆုဆိုတာကိုရဖို့ ယှဉ်ပြိုင်စေတယ်။
ယှဉ်ပြိုင်မှုတွေမှာ တစ်ဦးထက်တစ်ဦး သာလွန်ဖို့ မနာလိုစိတ်၊ မုန်တီးစိတ်တွေကို တွန်းအားဇြစ်စေတယ်။
ကျွန်တော်ဆိုလိုချင်တာ ပညာရေးက ကလေးတွေကို လူအချင်းချင်း လေးစားချစ်ခင်ဖို့၊ ကမ္ဘာလောကကြီးကို ချစ်တတ်ဖို့ သင်ပေးနေမယ့် ပညာရေးစနစ်က ယှဉ်ပြိုင်မှုအခြေပြုစနစ်အုတ်မြစ်ကြီးပေါ်မှာ တည်ဆောက်ထားတုန်းပဲ။
ဒါ့ကြောင့် ရည်မှန်းချက်နဲ့ ရလဒ် မျှခြေလုံးဝ ဖြစ်လာမည်မဟုတ်ချေ။....
ပညာရေးပါရဂူတစ်ယောက် မဟုတ်ပေမယ့်အမှန်တကယ်ပြောင်းလဲ လို၍့် မြင်သမျှ ဝေမျှခြင်းသာ.....
ကျောင်းဆရာ/ဆရာမတိုင်း နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်ခံ မဖြစ်စေနဲ့(ဆက်လက်၍ မြင်သမျှ ဆွေးနွေးရန် ရည်ရွယ်ထားသည်)
Moe Myint Oo
No comments:
Post a Comment