စိတ်ချမ်းသာ ပျော်ရွှင်ပါစေ
စကားတစ်ခွန်းကြောင့်
လူတစ်ယောက်ရဲ့ဘဝ
အညွှန့်တုံး သွားနိုင်သလို
စိတ်ချမ်းသာ ပျော်ရွှင်မှုလေးလဲ
ပျက်ပြယ်သွားနိုင်တယ်.....
လူတစ်ယောက်ကို ပြုစု ပျိုးထောင် ဖို့ ဆိုရင်တော့
စကား အခွန်း တစ်ထောင်လောက်
သုံးရလိမ့်မယ်
ဒါ့ကြောင့်.....
စကားလုံးတွေ ပွင့်အန်လာမယ့်
နှုတ်ခမ်းဖျားမှာ နှုတ်ခမ်း ဆိုးဆေး
ခြယ်သနေတာထက်...
ကိုယ်ချင်းစာ တရားကို ခြယ်သ ထားသင့်တယ်.......
မို့းမြင့်ဦး
A crashing bore boy
No comments:
Post a Comment