Saturday, January 21, 2017

ဒီ​ကောင်​ ခဏသုံး

ဒီ​ကောင်
=======

��ပန်း​တွေ့ရင်​ ခူး​ခြွေလို့ ဆင်​မြန်းလိုက်​ရမှ ​ကျေနပ်​တတ်​တဲ့ သူမ

��တိရစ္ဆာန်​ ​လေး​တွေ ချစ်​စရာ ​ကောင်းလိုက်​တာလို့ ​ပြောပြီး ​လှောင်​အိမ်​မှာ ပိတ်​​လှောင်​ ထားတတ်​တဲ့ သူမ

��ကြာကြာမချစ်​တတ်​ဘဲ အသစ်​အဆန်း​တွေ ရင်​ခုန်​တတ်​တဲ့ သူမ

��ပွင့်​စမ်းပါ ပန်း​လေးရာ...
ဒီ​ကောင်​ခူး​ချွေလို့ မပန်​တတ်​ပါဘူး....
ဦီး​ခေါင်း​ပေါ်ထက်​မှာ အပင်​​ပေါ်မှာ ရှိ​နေတာ ပိုလှတယ်​ထင်​လို့.....

��အစွမ်းကုန်​ လှလိုက်​ပစ်​စမ်းပါ ​ကောင်​မ​လေးရာ.....
ဒီ​ကောင်​က လှလွန်းလို့ဆိုပြီး ​လှောင်​အိမ်​ထဲ ပိတ်​​လှောင်​မထား တတ်​ပါဘူး...
မင်းရဲ့အလှအပနဲ့ လွတ်​လပ်​စွာ ပြန်​သန်း​နေရတာ ပို​ပျော်​​စေမယ်​ ထင်​လို့ပါ.....

��ကြာကြာမချစ်​တတ်​လို့ အသစ်​အဆန်း​တွေ ခဏခဏ​ပြောင်းလဲ ​ပြောင်းလိုက်​စမ်းပါ.....
ဒီ​ကောင်​ ခဏသုံးအဖြစ်​နဲ့ ​​ပျော်​​နေတတ်​ပြီ​လေ.......
အဆန်းအဆန်းနဲ့အလန်းအလန်း​တွေ မင်း​ပြောင်းရင်း ခဏသုံးအဖြစ်​ ခဏခဏသုံးတဲ့ ဒီ​ကောင်​ကို သတိရမိ​သေးရင်​​တော့ .......

��A crashing bore boy��

No comments:

Post a Comment