ညီမလေးဖတ်ဖို့
-------------------------------
ညီမလေးရေ.....
မပေါ့တပေါ် ရင်လွှာဖော်မှ
သို့တည်းမဟုတ်
အပေါက်အပေါက် ဇာပေါက်တွေနဲ့
အတွင်းဖောက်မြင် ဝတ်မှများ
ပုရိသ တွေ ရင်ခုန်ထင်လား
အဲ့ဒါအမှန်ဆိုရင်ဖြင့်
ဖော်ပါ ဖော်စမ်း ညီမရေ.....
ဘာမှမဝတ်ဘဲ ဖော်လိုက်စမ်းပါ
သို့ပေမယ့် ညီမလေးရေ....
သတိထားကြည့်ပါဦး
ဒါဟာ ပုရိသ တွေ ရင်ခုန်မမည်
ခဏတာ တဏှာခုန်ထ ကြွခြင်း ဆိုတာကိုပေါ့
အသိမှားလို့ သတိဝါးကာ
အထိများပြီး ဗိုက်ပူရှေ့ထွက်မှ
မျက်ရည်ထွက်လို့ အဖေကမပေါ်ရင်
ဘယ်သို့ ကလေးတော်ကို ဖြေအံ့မည်လော ညီမငယ်....
ထိုထို သွယ်ဖြေ ဤကလေးငယ်က
ဘယ်မျှကြာအောင် ယုံကြည်မည်လော ညီမငယ်...
ညီမလေးရေ......
ထို့ထက်ပိုဆိုးမည်က
အများမြင်မှာ ကာမ(အပေါစား မိန်းမ)ထင်လို့
Chat box ကတစ်သွယ် ဖုန်းကတစ်မျိုးနဲ့
အိုကွယ်... ယုတ်စွဆုံးလို့
ညစ်ညမ်းပုံ ပို့လာကာ
ဈေးစကားတွေနဲ့ တံထွေးကြားမှာ
နစ်မျောကာသွားရင်ဖြင့်
ဆူးပေါကျ ဖက်လား ??
ဆူးကျခံဖက်လား???
အို........
မည်သူအရှက်ရစေမည်လော ညီမလေးရယ်.....
Moe Myint Oo
A crashing bore boy
No comments:
Post a Comment