Saturday, January 21, 2017

အ​မေဆိုတာ

*** အ မေ ဆို တာ ***
အ မေ ဆို တာ.....
လူ မျိုး , ဘာ သာ
ကာ လ , ဒေ သ
ဘာ က ? ဘယ် က ?
ခွဲ ခြား မ ရှိ ၊ တူ ညီ ၏ ။

အ မေ ဆို တာ.....
ပ ညာ ရှိ သူ
မ ရှိ သူ...
လှ သူ , ချော သူ
ရုပ် ဆိုး သူ...နှင့်
မွဲ သူ , ဌေး သူ
ပိန် သူ , ဝ သူ
ပု သူ , ရှည် သူ
ဘယ် သူ ? ဘယ် ဝှာ ?
သာ , နာ , ယုတ် , မြတ်
သတ် မှတ် မ ခွဲ
လူ ထဲ သူ နေ
လူ တွေ မွေး ၏.....

မွေး ခဲ့ , မွေး ဆဲ
မွေး မြဲ , မွေး မယ်
ဘယ် လို နေ နေ
ကိုယ့် အ မေ ။

အ မေ ဆို တာ.....
သေ ရွာ ကို...လှမ်း
သေ လမ်း ကို...နင်း
သေ မင်း ခေါ် ရာ
သေ မှာ မ ကြောက်
သေ လမ်း လျှောက် လျက်
ဗိုက် ပေါက် လု ငြား
လွယ် ၍ ထား သည့်
ကြီး မား လေး လံ
ကိုယ် ဝန် ဒဏ် ကို
အ မှန် သည်း ခံ
သူ ပြု ကြံ ၏....

ပူ ငံ စပ် ခါး
ရှောင် ရှား နေ့ ည
အ စား က ပျက်
အ အိပ် ခက် ဖြင့်
ခြေ လက် ကိုယ်...ရောင်
ဖော ပြောင် ကိုက် ခဲ
ဆင်း ရဲ နေ့ ည
ခံ စား ရ ရင်း
ကိုး လ လွယ် ထား
ဆယ် လ ဖွား ၍
လူ သား က လေး
မွေး ပေး ၏.....။

သင် နှင့် ကျွန်ုပ်
လူ ရုပ် , လူ ဟန်
လူ သ ဏ္ဌာန် ကို
မှန် မှာ ပြန် ကြည့်
ခု ကြည့် ပါ လေ.....

သင် မြင် သည့် လူ
မှန် ထဲ လူ ကို
ဘယ် သူ က မွေး
ပြန် မေး ပါ လေ.....

အ မေ , အ မေ
အ မေ တွေ လေ.....

သေ ချာ ပြန် မေး ?
ဘယ် သူ မွေး လို့ ?

မွေး မေ , ကျွေး မေ
ကျုပ် အ မေ ဗျ.!!!!

အ မေ... , အ မေ...
အ မေ က မွေး
အ မေ ကျွေး လို့
လူ လေး , လူ မယ်
လူ ရွယ် , လူ မ
လူ ဖ , လူ ကြီး
အ သီး သီး ဖြစ်
နှစ် တွေ က ကြာ
လူ့ ရွာ က မ္ဘာ
စည် ကား ပါ ရဲ့.....

လာ တဲ့ လူ လဲ
လာ ဆဲ ပဲ...ဟဲ့ !
သွား တဲ့ လူ လဲ
သွား ဆဲ ပဲ...ဟဲ့ !
ဘာ နဲ့ လာ လာ
ဘာ နဲ့ သွား သွား
လူ သား လူ့ ရွာ
လူ့ က မ္ဘာ မှာ
မာ တာ "မိ ခင်"
မ ရှိ ရင် တော့
သင် နဲ့ ကျွန်ုပ်
လူ ရုပ် , လူ ဟန်
လူ သ ဏ္ဌာန် ကို
မှန် ထဲ ကြည့် ခွင့် မ ရ နိုင်...။

အ မေ ဆို တာ
လူ မျိုး , ဘာ သာ
ကာ လ , ဒေ သ
ဘာ က ? ဘယ် က ?
ခွဲ ခြား မ ရှိ ၊ တူ ညီ ၏...။

" အ မေ " ဆို တာ.....
" အ မေ " ပါ လေ.....။ ။

ဒီ​ကောင်​ ခဏသုံး

ဒီ​ကောင်
=======

��ပန်း​တွေ့ရင်​ ခူး​ခြွေလို့ ဆင်​မြန်းလိုက်​ရမှ ​ကျေနပ်​တတ်​တဲ့ သူမ

��တိရစ္ဆာန်​ ​လေး​တွေ ချစ်​စရာ ​ကောင်းလိုက်​တာလို့ ​ပြောပြီး ​လှောင်​အိမ်​မှာ ပိတ်​​လှောင်​ ထားတတ်​တဲ့ သူမ

��ကြာကြာမချစ်​တတ်​ဘဲ အသစ်​အဆန်း​တွေ ရင်​ခုန်​တတ်​တဲ့ သူမ

��ပွင့်​စမ်းပါ ပန်း​လေးရာ...
ဒီ​ကောင်​ခူး​ချွေလို့ မပန်​တတ်​ပါဘူး....
ဦီး​ခေါင်း​ပေါ်ထက်​မှာ အပင်​​ပေါ်မှာ ရှိ​နေတာ ပိုလှတယ်​ထင်​လို့.....

��အစွမ်းကုန်​ လှလိုက်​ပစ်​စမ်းပါ ​ကောင်​မ​လေးရာ.....
ဒီ​ကောင်​က လှလွန်းလို့ဆိုပြီး ​လှောင်​အိမ်​ထဲ ပိတ်​​လှောင်​မထား တတ်​ပါဘူး...
မင်းရဲ့အလှအပနဲ့ လွတ်​လပ်​စွာ ပြန်​သန်း​နေရတာ ပို​ပျော်​​စေမယ်​ ထင်​လို့ပါ.....

��ကြာကြာမချစ်​တတ်​လို့ အသစ်​အဆန်း​တွေ ခဏခဏ​ပြောင်းလဲ ​ပြောင်းလိုက်​စမ်းပါ.....
ဒီ​ကောင်​ ခဏသုံးအဖြစ်​နဲ့ ​​ပျော်​​နေတတ်​ပြီ​လေ.......
အဆန်းအဆန်းနဲ့အလန်းအလန်း​တွေ မင်း​ပြောင်းရင်း ခဏသုံးအဖြစ်​ ခဏခဏသုံးတဲ့ ဒီ​ကောင်​ကို သတိရမိ​သေးရင်​​တော့ .......

��A crashing bore boy��

Friday, January 20, 2017

ပညာ​ရေးအမြင်

ပညာ​ရေး အမြင်
=============

ပညာ​ရေး ဖျက်​ဆီးခံခဲ့ရတယ်​၊ နိမ့်​ကျခဲ့တယ်​တဲ့ မှန်​သပါ့။ ထပ်​ဖြည့်​ရမှာက ခုလည်းပျက်ဆီးတုန်း၊ နိမ့်​ကျတုန်းပါပဲ

`ဟ!!!! ပညာ​ရေးနိမ့်​ကျ မှာ​ပေါ့ စစ်​အာဏာရှင်​တို့ နှစ်​ငါးဆယ်​ကြာ ရိုက်​ချိုး ဖျက်​ဆီးခဲ့တာပဲ´
အဲ့လို​ပြောတဲ့ လူ​တော်​​တော်​များကို ကြည့်​မိတယ်​။ ပါးစပ်​ဖျားက ​လေဖျန်း ဟိုအပြစ်​ဆို ဒီအပြစ်​ချနဲ့ သူတို့ ကိုယ်​​တိုင်​ နိမ့်​ကျပါတယ်​ဆိုတဲ့ စနစ်​ကြီးကို အသက်​ရှည်​​အောင်​ အသက်​သွင်းလို့.....

ပညာ​ရေးစနစ်​ ပြုပြင်​​ပြောင်းလဲ ​နေပါပြီ တဲ့
ဘာမှမလုပ်​မီ ရလဒ်​က ​ချောင်​ထဲအိပ်​တုန်းရှိ​သေး ချီးကျူး​ထောပနာပြုတဲ့သူကပြု......

Reform ဆိုတဲ့ ပြုပြင်​​ပြောင်းလဲတယ်​ဆို တာ ပုံစံသစ်​​ပြောင်းလိုက်​ခြင်းသာ ဖြစ်​တယ်​။ နဂိုရှိရင်း အ​ဆောက်​အအုံကို ​ဆေးထပ်​သုတ်​ခြင်း၊ တံခါသစ်​တိုးချဲ့ခြင်း၊ ပြတင်းပေါက်​သစ်​ ​ဖောက်​လုပ်​ခြင်း လုပ်​​ဆောင်​သည်​နှင့်​ တူတယ်​။ မူလအ​ဆောက်​အအုံနဲ့ အုတ်​မြစ်​က​တော့ ကျန်​ရှိဆဲ၊ အသုံးပြုမြဲပင်​။
ကျွန်​​တော်​ဆိုလိုသည်​က ပညာ​ရေးကို ပြုပြင်​ ​ပြောင်းလဲပြီဆို​သော်​ငြား စစ်​အစိုးရ လက်​ထက်​တွင်​ ရိုက်​ချိုးဖျက်​ဆီး၍ စုတ်​ပြတ်​သတ်​​နေသည်​ ဆိုသည့်​ စနစ်​ကြီးကို အုတ်​မြစ်​အဖြစ်​ ​ကျောမှီ၍ ပြုပြင်​​ပြောင်းလဲရုံနှင့်​ လူ့အဖွဲ့အစည်းအသစ်​ ထွက်​​ပေါ်လာမည်​ မထင်​။
ယခုလူ့အဖွဲ့အစည်းကို အလိုမရှိလျှင်​ သို့တည်းမဟုတ်​ လူ့အဖွဲ့အစည်းအသစ်​ ​ပေါ်ထွန်းလိုလျှင်​ စုတ်​ပြတ်​​နေပြီဆို​သော ပညာ​ရေးစနစ်​ကို ပြုပြင်​​နေရုံနှင့်​ မလုံ​လောက်​နိုင်​​ပေ။ ထိုစနစ်​​ဟောင်းကို အ​ခြေခံ ပြုပြင်​မ​နေဘဲ ပညာ​ရေးစနစ်​သစ်​ကို လုံးလုံးလျားလျား ​ပြောင်းလဲ အသုံးပြုရမည်​။ စနစ်​​ဟောင်းကို အ​ခြေခံ ပြုပြင်​​ပြောင်​လဲ ​နေရုံနဲ့​တော့ လူ့အဖွဲ့အစည်း​ဟောင်း၊ ယဉ်​​ကျေးမှု ​ဟောင်း၊ ဓ​လေ့ ထုံးစံ​ဟောင်း၊ အ​တွေးအ​ခေါ်​ဟောင်း ​တွေကို လက်​ဆင့်​ကမ်း သယ်​​ဆောင်​မယ့်​ ​ကျောင်းသား/သူ ​တွေပဲ ​မွေးထုတ်​​ပေးတဲ့ စနစ်​ကြီးပဲ ဖြစ်​​နေဦးမှာပဲ။

ဟိုအပြစ်​ချ ဒီလက်​ညှိးထိုးနှင့်​ ထိုထို မ​ကောင်း​ဟု ယူဆ​သော စနစ်​ကိုသာ အုတ်​မြစ်​ထား၍ အမည်​အမျိုးမျိုးတပ်​ ပြုပြင်​​ပြောင်းလဲ ​နေ၍ကား လုံးဝသစ်​လွင်​​ကောင်းမွန်​​သော လူ့အဖွဲ့အစည်းသစ်​ ထွက်​​ပေါ်လာနိုင်​မဟုတ်​။ လူပိန်းကြိုက်​ `တန်းတူညီမျှ အခွင့်​​ရေး​´​တဲ့ မူကြို​ကျောင်းသားချင်းတူ​ပေမယ့်​ ​တောရွာက မူကြို​ကျောင်းသား အခွင့်​​ရေး နဲ့ မြို့က မူကြို​ကျောင်းသား အခွင့်​​ရေး တန်းတူညီမျှ မဖြစ်​တာကို မျက်​စိမှိတ်​ ​အော်​ချင်​​နေတုန်း......
အပြစ်​​တွေ​ထောက်​ကြရင်း အသစ်​သစ်​ကို မကြံဘဲ မ​ကောင်းတဲ့ အ​ဟောင်းအုတ်​မြစ်​ကြီးကို ပြုပြင်​​ပြောင်းလဲ ​နေသ၍ က​မောက်​ကမ က​တောက်​ကဆ................

ပညာ​ရေးမှာ လူသား အချင်းချင်း ချစ်​ခင်​ဖို့၊ ကမ္ဘာ​လောက​ကြီးကို ချစ်​တတ်​ဖို့ ရင်​​သွေးငယ်​​တွေကို ​လေ့ကျင့်​ပျိုး​ထောင်​ ​ပေးရမယ်​တဲ့။
ကောင်းမွန်​မြင့်​မြတ်​တဲ့ ရည်​ရွယ်​ချက်​​တွေ ၊ စီမံချက်​​တွေက စက္ကူ ထက်​မှာ အမိုက်​စား လုပ်​​ဆောင်​ချက်​​တွေက ငါး​ခြောက်​ပြားသာသာ။
ပညာ​ရေးစနစ်​က ကျက်​​ဖြေ ရမှတ်​​ယှဉ်​ပြိုင်​မှု​ပေါ် မူတည်​ ​တော်​တယ်​၊ ညံ့တယ်​ အဆင့်​​တွေခွဲလို့ က​လေး​တွေကို သူ့ထက်​ငါ သာ​အောင်​ ၊ သူ့ထက်​ငါ ပထဆုဆိုတာကိုရဖို့ ယှဉ်​ပြိုင်​​စေတယ်​။
ယှဉ်​ပြိုင်​မှု​တွေမှာ တစ်​ဦးထက်​တစ်​ဦး သာလွန်​ဖို့ မနာလိုစိတ်​၊ မုန်​တီးစိတ်​​တွေကို တွန်းအားဇြစ်​​စေတယ်​။

ကျွန်​​တော်​ဆိုလိုချင်​တာ ပညာ​ရေးက က​လေး​တွေကို လူအချင်းချင်း ​လေးစားချစ်​ခင်​ဖို့၊ ကမ္ဘာ​လောက​ကြီးကို ချစ်​တတ်​ဖို့ သင်​​ပေး​နေမယ့်​ ပညာ​ရေးစနစ်​က ယှဉ်​ပြိုင်​မှု​အ​ခြေပြုစနစ်​အုတ်​မြစ်​ကြီး​ပေါ်မှာ တည်​​ဆောက်​ထားတုန်းပဲ။

ဒါ့​ကြောင့်​ ရည်​မှန်းချက်​နဲ့ ရလဒ်​ မျှ​ခြေလုံးဝ ဖြစ်​လာမည်​မဟုတ်​​ချေ။....

ပညာ​ရေးပါရဂူတစ်​​ယောက်​ မဟုတ်​​ပေမယ့်​အမှန်​တကယ်​​ပြောင်းလဲ လို၍့်​ မြင်​သမျှ ​ဝေမျှခြင်းသာ.....

ကျောင်းဆရာ/ဆရာမတိုင်း နိုင်​ငံ​ရေးသမား​တွေရဲ့ အမြတ်​ထုတ်​ခံ မဖြစ်​​စေနဲ့(ဆက်​လက်​၍ မြင်​သမျှ ​​ဆွေး​နွေးရန်​ ရည်​ရွယ်​ထားသည်​)

Moe Myint Oo

Thursday, January 19, 2017

ရိုက်​ချိုးပစ်​လိုက်​ချင်​တယ်

��ရိုက်​ချိုးပစ်​လိုက်​ချင်​တယ်​ ��

အတိတ်​က

ဘယ်​သူ​တွေ ဘာလုပ်​ခဲ့တယ်

ဘာ​တွေ ​တွေးခဲ့တယ်

ခဏခဏ

ခေါင်းထဲ ရိုက်​သွင်းခံရတာ များ​တော့

စာသင်​ခန်းထဲ ဝင်​ဖို့

တခါတရံ တုန့်​ဆုတ်​မိတတ်​လာတယ်

အနာဂတ်​မပါဘဲ

အတိတ်​က ယဉ်​​ကျေးမှု​ဟောင်း၊ ဓ​လေ့ထုံးစံ​ဟောင်း၊

အယူအဆ​ဟောင်း၊ ​အ​တွေးအ​ခေါ်​ဟောင်း ​တွေ

အသား​ပေးထားတဲ့

အတိတ်​အ​ခြေပြု သင်​ရိုးကြီးကို

ထပြီး ရိုက်​ချိုးပစ်​လိုက်​ချင်​တယ်

������A crashing bore boy ������

Wednesday, January 18, 2017

အချစ်​နဲ့ကင်းလွတ်​​နေတဲ့ငါ့ကို

အချစ်​ဆိုတာနဲ့ ကင်းလွတ်​​နေတဲ့ငါကို...

အချစ်​ဆိုတာ....
ပျားရည်​လို ချိုသတဲ့​လေ.....
ကိုင်းကွာ......
အချစ်​ကို ပျားရည်​နဲ့​ရောလို့ ငါ မြိုချလိုက်​တယ်​...
ပျားရည်​ကချိုသ​လောက်​ လျှာဖြားက ခါးသက်​သက်​ အရသာဟာ
အချစ်​ပဲ

အချစ်​ဆိုတာ.......
စမ်း​ရေလို့ သူတို့​တွေ ဆိုကြ​ရေးကြပြန်​တယ်​.....
ကိုင်းကွာ.......
အချစ်​ကိုစမ်း​ရေနဲ့​ရောလို့ ငါ​သောက်​ချလိုက်​တယ်​....
စမ်း​ရေက​အေးသ​လောက်​ ရင်​ထဲမှာ
ပူခြစ်​ခြစ်​နဲ့ ငရဲသမျှထင်​ရတဲ့ အရသာဟာ
အချစ်​ထင်​ပါ့....

အချစ်....အချစ်​.......အချစ်
အချစ်​မရှိရင်​ အထီးကျန်​တယ်​ သူတို့ဆိုကြပြန်​​ရော...
ကိုင်းကွာ.....
အချစ်​ဆိုတာကို အထီးကျန်​ခြင်းနဲ့​ရော
တိတိကျကျ ဖက်​တွယ်​ထား လိုက်​တယ်
အို.......
အထီးကျန်​ခြင်းက ​အေးချမ်း​နေ​သ​လောက်​ဗျာ
ရင်​မှာ ဟာတာတာနဲ့ ​နေထိုင်​ရခက်​​စေတာက
အချစ်​​ပေါ့........

ဘယ်​သို့ပင်​ ရှိ​စေ
အဓိပ္ပါယ်​ ဖွင့်​ဆိုချက်​​တွေ များလွန်းတဲ့ အချစ်​ကို
ငါ​မေ့ထားလိုက်​တယ်
မ​သေချာ မ​ရေရာနဲ့ သတ်​မှတ်​ချက်​​တွေနဲ့
အသက်​ရှူ​နေကြတဲ့ လူ​တွေကြားမှာ
မှန်​ကန်​တာ တစ်​ခုသာ အလိုရှိတာမို့
ငါ့ကို လိမ်​ညာမှု ကင်းကင်း..............................

A crashing bore boy

Tuesday, January 17, 2017

ရှောင်​လိုက်​မယ်

��​ရှောင်​လိုက်​မယ်​��������
========================

��မိန်​က​လေးဆိုတာ

��စဉ်းစားဦးမယ်​​ပြောရင်

��​ရှောင်​လိုက်​တာ ​ကောင်းတယ်

��စဉ်းစားမယ်​ဆိုထဲက

ဇ​ဝေ ဇဝါ မ​သေချာဘဲ

ပေမမီ မနိုင့်တနိုင့်​ ဦး​ဏှောက်​ကို ခိုင်း​စေ

နှလုံးသားကို ​ချောင်​မှာထိုးထားမှဖြင့်

နောင်​တရစရာ ကြုံမလာမီ

ရှောင်​လိုက်​တာ​ကောင်းပါတယ်​​လေ...

��A crashing bore boy��

Sunday, January 15, 2017

ခေတ်​သစ်​ ရည်းစားစာသို့ ပြန်​ကြားချက်

ခေတ်သစ်ရည်းစားစာသို့ပြန်ကြားချက်

✌ ဒီမယ်ဆရာ ကျမဆီကစာပြန်တာကို ​လေးခွနဲ့စောင့်နေမယ်ထင်ပါတယ်။
ဒီစာရရခြင်း ထန်းရေလေးတော့ဝယ်ထားပေါ့။

✌ ဆရာချစ်တာကလဲနည်းလိုက်တာ အုန်းသီးမလောက်လို့ထင်တယ်။ကျမလဲဆရာနဲ့အတူတူပေါင်းချင်ပါတယ်။ဒါပေမဲ့ ကောက်ညှင်းဆန်ကဈေးကြီးတယ်လေ။

✌ဆရာနဲ့အတူတူလျှောက်လှမ်းရအောင်လဲ အဝတ်ကမလျှော်ရသေးဘူးလေ။ဆရာက
တောင်ရမ်းယူမယ်ဆိုရင်ပစ္စည်းတွေတော့မကျစေနဲ့ပေါ့။

✌ ဆရာသာ ဆရာ့ရဲ့ လစာ​လေးနဲ့ ဟန်းဆက်​ ​ကောင်း​ကောင်း​လေး တစ်​လုံး ရ​အောင်​ ဝယ်​​ပေးနိုင်​​ရင်​တော့ ကျမစဉ်းစားကြည့်ပါ့မယ် နွားတွေကို။

                       ဆရာ့ရဲ့ဆရာမ

������������������

My number come up

အား​ပေးသူမရှိခဲ့​ပေမယ့်​ ကဲ့ရဲ့သူတစ်​ချို့ကြားမှာ ကိုယ့်​အထာ ကိုယ့်​စတိုင်​လ်​ အချိုး​တွေနဲ့ စကားလုံး​တွေ ထုဆစ်​ကြည့်​မိတယ်​။ ဘယ်​သူ့ဘယ်​သူ့အ​ပေါ်မှ ယုတ်​မာလိုစိတ်​မရှိသလို ယုတ်​မာတာလဲ မရှိခဲ့ဖူး။

တစ်​ခါတစ်​ရံ ​ပေါ​တော​တော​တွေ တင်​​တော့လဲ အရူးတစ်​​ကောင်​လို့ထင်​။ သူသူ ငါငါ ​ပျော်​ပါ​စေ ကူညီလိုစိတ်​ သာ ရှိတာမို့ အရူးထင်​လည်း အရူးပဲ​ပေါ့​လေ။

နာမ်​စား​တွေ သုံးလို့ မျက်​နှာများသည်​ ထင်​လျှင်​ထင်​မည်​။ အလွမ်းစာစု ထုဆစ်​မိလို့ အသည်းကွဲသည်​ ထင်​လျှင်​ထင်​မည်​။ မျက်​နှာများဖို့ မဆို​လေနှင့်​ဦး အသည်းကွဲဖို့​ဝေးလို့ ချစ်​သူဆိုတာ ဘာလဲ ​မေးရမည့်​သူပင်​။ သို့တည်းဆို မိန်းမကင်းသူ​လော ​မေးနိုင်​။ ကျွန်​​တော့်​ ပုဆိုးက အမြဲတမ်းပြဲ​နေခဲ့သည်​ ဆို နားလည်မည်​ထင်​။ ဟုတ်​တယ်​ဗျ အိတ်​​ပေါက်​နဲ့ ဖား​ကောက်​မြဲ ​ကောက်​​နေဆဲပါပဲ​လေ......

ဆောင်းက ​အေးမြ​နေ​ပေမယ့်​ နှင်း​တွေ မ​ဝေ​တော့ဘူး။ မျက်​ရည်​​တွေနဲ့ သက်​​သေ​တွေလည်း ပြစရာ မလို​တော့လို့ ကျွန်​​တော့်​နှလုံးသားကို တာ​နောယက္ခ အဖြစ်​ ​ရေးထားလိုက်​တယ်​။

ကျေးဇူးပြု၍ သံ​ယောဇဉ်​အတုကို မာယာ​တွေနဲ့ ​ဆေးခြယ်​ပြီး​တော့ မဝင်​လာကြပါနဲ့...သံ​ယောဇဉ်​ကြီးတဲ့ အရိုင်းအစိုင်း ကျွန်​​တော့်​ရင်​ဘတ်​ကို စုတ်​ချက်​ ကြမ်းကြမ်းကြီး​တွေ တိုက်​စားခံရတဲ့ အရသာကို ​ကြောက်​လို့ပါ။

အသိဥာဏ်​ရှိတဲ့ လူသားအဖြစ်​နဲ့ ​မေတ္တာ​တွေ အလွယ်​မယိုခဲ့ သလို သစ္စာ​တွေ မပြို​အောင်​ မျက်​စိ၊နား​တွေ အသာပိတ်​ရင်း အသိ​လေးနဲ့ အသက်​ရှူ​နေတာ​တောင်​ လင်္ကာ ရသ ရတု ရကန်​ ​လေးချိုး ​ဒွေးချိုး​တွေကို မြှူမှုန်​သာသာ ​လေ့လာ မိ​သေးတယ်​။

တ​စ်​​နေ့ ကျ​ရောက်​လာမယ့်​ ကျွန်​​တော့်​အလှည့်​ မှာ ခံစားချက်​စစ်​​တွေကို စကားလုံး​တွေနဲ့ ထုဆစ်​ဖို့​လေ...

ကျွန်​​တော်​​ပြောတဲ့ ကျွန်​​တော့်​အလှည့်​ဆိုတာ.......

ငါဆိုတာမရှိသလို သူဆိုတာလဲ မ​တည်​မြဲတဲ့ လူ့ဘဝ ခဏတာမှာ အသာရတာ​တွေ ထုတ်​ကြွားပြီး ဆင်းရဲ၊ ချမ်းသာနဲ့ ရုပ်​ရည်​​တွေခွဲ လို့....
စက်​၊မီး၊​မြေမြှုပ်​ ကြိုက်​သလိုလုပ်​ ​မြေဆီဖြစ်​လာမယ့်​ ခန္ဓာပိုင်​ထား​တာတောင်​ မာန​တွေ အမြင်​မ​တော်​​အောင်​ ​ထောင်​ပြသူ​တွေကြားက ကျွန်​​တော်​​လေ......

မေတ္တာ​တွေ အလွယ်​ယို သစ္စာ​တွေ ပြိုချင်​တိုင်း ပြိုတဲ့ လူ​တွေကြားမှာ မျက်​ရည်​စစ်​စစ်​​တွေ လွင့်​စင်​ကျတာ ဒီဘက်​​ခေတ်​ပျက်​ (လူ​တွေဖျက်​လို့ ပျက်​လာတဲ့​ခေတ်​)မှာ  သဘာဝ ဆိုရင်​.....

ကျွန်​​တော်​​ပြောတဲ့ ကျွန်​​တော့်​အလှည့်
သေချာ​ပေါက်
ကျွန်​​တော့်​ အလှည့်​ ​ရောက်​လာမှာပါ...

A crashing bore boy

Saturday, January 14, 2017

ရယ်​​စေတဲ့ရယ်​​စေ

ခေတ်သစ်ရည်းစားစာ

ဒီမယ်ဆရာမ ကိုယ်လေ သူရလိုမူပြပြီး အောင်ကျော်မြင့်လို ရောင်တော်ဖွင့် သီချင်းလေးဆိုပြပါရစေ။ဒါပေမဲ့ သိန်းဟန်လို တစ်စိမ်းဆန်တဲ့စကား မပြောလိုက်ပါနဲ့ ကိုယ်ဟာ ဖိုးထောင်လို ဇိုးကောင်မဟုတ်ပါဘူး မြင့်စိန်လို အချစ်အိမ်လေးဆောက်ချင်သူပါ။မင်းကိုယ့်ကို မောင်မောင်သန်းလို ကြောင်တောင်ကန်းဘဲပြောပြော ညီမောင်လို ပလီကောင်ဘဲဆိုဆို ကိုယ်မမှုပါဘူး။ဒါပေမဲ့ စိုးမင်းလို နသိုးဖျင်းတော့မဟုတ်ပါဘူး။ထွန်းထွန်းဦးလို ဝန်း(ဝမ်း)တွင်းရူးပြိးကျော်သိန်းဝင်းလို ခေါ်သိမ်းသွင်းတဲ့လူစားမဟုတ်ပါဘူး။မောင်မောင်အေးလို ရှောင်ရှောငပြေးပြီး တင်မောင်ထွေးလို ဖင်ထောင်ပြေးရင်တော့ခင်မောင်လွင်လို ခြင်ထောင်အပြင်ထွက်ပြီး မြင့်သောင်းလို အချစ်တောင်းလိုက်ပါတယ်ဆရာမရ

She equal me or she unequal me

She equal me or She unequal me
=============================

သူမ ညီမျှခြင်း ကျွန်​​တော်​ သို့တည်းမဟုတ်​ သူမ မညီမျှခြင်း ကျွန်​​တော်
==========================================================

ကျွန်​​တော်​​ရော၊ သူမ​ရော.......

လူသား။ အ​မေ့ဝမ်းက သန့်​စင်​လိုက်​တာနဲ့ အူဝဲ​အော်​ခဲ့ကြတာ တူတယ်​။ မ​အော်​ခဲ့ရင်​ ဆရာဝန်​၊ သူနာပြု သို့တည်းမဟုတ်​ ဝမ်းဆွဲလက်​သည်​က ​ကျောကိုပုတ်​ခတ်​ နှိုးလို့ ​အူဝဲ ​အော်​​စေလိမ့်​မယ်​။

ကျောင်းအပ်​စ ​ကျောင်းမသွားခဲ့ချင်​၊
ကျောင်း​ပျော်​စ ​ကျောင်းကိုခင်​ ခဲ့ သလို စာကျက်​ပျင်းခဲ့ကြခြင်း​ရော သူမနဲ့ကျွန်​​တော်​ တူညီခဲ့တယ်​။

ဒါဆို သချာင်္ လို အချိုးချကြည့်​မယ်

ကျွန်​​တော်​=သူမ
ကျွန်​​တော်​ ညီမျှခြင်း သူမ.....

အချိန်​နဲ့ထပ်​တူ အရွယ်​က တစ်​စတစ်​စ ရင့်​​ရော်​လာ​တော့လည်း
အလုပ်​ခွင်​နဲ့ ပညာ​ရေး ​ရော​ထွေးပွန်းတီး လူလတ်​ပိုင်း အရွယ်​မှာ ပျင်းရိခြင်း တွယ်​ကပ်​တာလဲ တူခဲ့တယ်

နောက်​တစ်​ကြိမ်​ဆုံရင်​​တော့
��​လေးဆယ်​​ကျော်​ ငါးဆယ်​အတွင်းမှာ ပြန်​ဆုံကြရင်​ ငယ်​ချစ်​ဦးရယ်​....သူမမှာလဲ က​လေး​တွေ ​ခွေး​တွေနဲ့ ကျွန်​​တော့်​မှာ အ​ကြွေး​တွေ အ​ချေး​တွေ��
ရယ်​စရာပဲ​နော်

လူအို​ဆောင်​တက်​ရလို့ မ​ပျော်​နိုင်​သလို၊ တရား​မွေ့​လျော်​ ​ပျော်​ပိုက်​တာလဲ အရွယ်​တရားဘဲ မို့ ရယ်​စရာ ဖြစ်​မ​နေ​လောက်​ပါဘူး...

ညီမျှခြင်း​တွေ အချိုးချခဲ့ သူမကို အံ့သြမပြီးခင်၊ မှားမှန်​ မကွဲပြားဘဲ ညီမျှခြင်း​တွေ ​သေဆုံးကုန်​တယ်​။

ညီမျှခြင်း မဟုတ်​ဘူးဆိုရင်​ မညီမျှခြင်း လို့ ဆိုမှာလား?
မဟုတ်​​သေးဘူး​။ ညီမျှခြင်း မဟုတ်​ဘူးဆိုမှဖြင့်​ မတူညီတာ အားလုံး​ပေါ့....

တက္ကသိုလ်​ ဝင်​တန်း တက်​ဖူးသူတိုင်း မှတ်​မိလိမ့်​ဦးမည်​။
��သင်​​သေသွား​သော်​၊ သင်​ဖွား​သော​မြေ၊ သင်​တို့​မြေသည်​၊ အ​ခြေတိုးမြှင့်​၊ ကျန်​​ကောင်းသင့်​၏။ သင်​၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်​မြင့်​၊ ကျန်​​ကောင်းသင့်​၏��
သူမ ဆရာ​ဇော်​ဂျီရဲ့ ​မေတ္တာလမ်းညွှန်​ နားလည်​ပါစ

ညီမျှခြင်း...... တူညီသည်​.....
သချာင်္ တွက်​ချက်​ရာ အမြင်​ကပ်​​လောက်​​အောင်​ အသုံးဝင်​တယ်​။
၁=၁။ ၅သည်​ ၈မဟုတ်​လို့ ၅=၈လို့ ​ရေးမရနိုင်​....
၅မညီမျှခြင်း ၈​ပေါ့....

ကျွန်​​တော်​သည်​ သူမ မဟုတ်​လို့.....
ကျွန်​​တော်​=သူမ လို့ မဆိုနိုင်.....
ဒါဆို........ဪ.. မညီမျှခြင်း​ပေါ့

လက်​​တွေ့လုပ်​​ဆောင်​မှုမှာလဲ
ကျွန်​​တော်​ သူမကို ကြည့်​မရပါ။ ကျွန်​​တော်​ မကြိုက်​တာ​တွေ သူမ လုပ်​​ဆောင်​တတ်​လို့။
သူမလဲ ကျွန်​​တော့်​ကို မကြည်​ဖြူနိုင်​တဲ့။
သူမ မကြိုက်​တာ​တွေ ကျွန်​​တော်​လုပ်​တတ်​လို့။ အတည်​ဗျ
ကျွန်​​တော်​ ညီမျှခြင်း သူမ အချိုးမကျနိုင်​​တော့။ သူမဆန္ဒ မညီမျှခြင်း ကျွန်​​တော့်​ဆန္ဒ လို့ သုံးနှုန်းလိုက်​တယ်​။
ညှိနှိုင်းမရနိုင်​​တော့တဲ့ ညီမျှခြင်းလား??မညီမျှခြင်းလား??

��လိုချင်​လွန်းတဲ့ ​လောဘ
��အကွပ်​မဲ့ ​ဒေါသ​တွေ
��​ထွေပြား​ဝေဝါး ​မောဟ​တွေ
သူမစိတ်​ရင်းတည်​ ဦး​ဆောင်​ရာလိုက်​က ​နေသမျှ​တော့ ကမ္ဘာပျက်​ဆုံး ​စေဦး​တော့
��ကျွန်​​တော်​ ညီမျှခြင်း သူမ��
ဖြစ်​လာစရာ ကမ်းစပ်​​တွေ့မည်​မဟုတ်​​တော့......

သင်္ချာပုစ္ဆာထဲက ညီမျှခြင်း သူမ​တွေ့မိရင်​ ဆရာ​ဇော်​ဂျီရဲ့ ကဗျာကို သတိရ​တွေးမိလို့ ​လောဘ၊​ဒေါသ၊​မောဟ အ​ဖော်​၃ဦးကို ငြင်းကန်​နိုင်​ပြီး ကျွန်​​တော့်​စိတ်​ကို နားလည်​ခဲ့ရင်​​တော့..
သူမ ညီမျှခြင်း ကျွန်​​တော်​လား?
သူမ မညီမျှခြင်း ကျွန်​​တော်​ပဲလား?
????

��A crashing bore boy��





Friday, January 13, 2017

ရယ်​စရာမ​ကောင်း​သော ဟာသ

ရယ်​စရာမ​ကောင်းတဲ့ဟာသ

=======================

ဝီစကီ​တွေ ချိုလာ​စေဖို့

မင်းမဖန်​ဆင်း ချင်​ပါနဲ့​နော်

မူး ​ကြောင်​ ရူး​ကြောင်

အဓိပတိ လမ်း​ပေါ်မှာ ကန့်​လန့်​ကြီး

မှောက်​လှဲလို့

ဆိုင်​ကယ်​ တိုက်​​စေ ကားတိုက်​​စေ သတ္တိ အပြည့်​ပဲ

သတ္တိပြည့်​ဆို

��တံခါးကြီး ပိတ်​ထားတာကိုး.....��

ညီမ​လေး ဖတ်​ဖို့

��ညီမ​လေးဖတ်​ဖို့��
-------------------------------

ညီမ​လေး​ရေ.....
မ​ပေါ့တ​ပေါ် ရင်​လွှာ​ဖော်​မှ
သို့တည်းမဟုတ်
အ​ပေါက်​အ​ပေါက်​ ဇာ​ပေါက်​​တွေနဲ့
အတွင်း​ဖောက်​မြင်​ ဝတ်​မှများ
ပုရိသ ​တွေ ရင်​ခုန်​ထင်​လား

အဲ့ဒါအမှန်​ဆိုရင်​ဖြင့်
ဖော်​ပါ​ ​ဖော်​စမ်း ညီမ​ရေ.....
ဘာမှမဝတ်​ဘဲ ​ဖော်​လိုက်​စမ်းပါ

သို့​ပေမယ့်​ ညီမ​လေး​ရေ....
သတိထားကြည့်​ပါဦး
ဒါဟာ ပုရိသ ​တွေ ရင်​ခုန်​မမည်
ခဏတာ တဏှာခုန်​ထ ကြွခြင်း ဆိုတာကို​ပေါ့

အသိမှားလို့ သတိဝါးကာ
အထိများပြီး ဗိုက်​ပူ​ရှေ့ထွက်​မှ
မျက်​ရည်​ထွက်​လို့ အ​ဖေကမ​ပေါ်ရင်
ဘယ်​သို့ က​လေး​တော်​ကို ​ဖြေအံ့​မည်​​လော ညီမငယ်​....
ထိုထို သွယ်​​ဖြေ ဤက​လေးငယ်​က
ဘယ်​မျှကြာ​အောင်​ ယုံကြည်​မည်​​လော ညီမငယ်​...

ညီမ​လေး​ရေ......
ထို့ထက်​ပိုဆိုးမည်​က
အများမြင်​မှာ ကာမ(အ​ပေါစား မိန်းမ)ထင်​လို့
Chat box ကတစ်​သွယ်​ ဖုန်းကတစ်​မျိုးနဲ့
အိုကွယ်​... ယုတ်​စွဆုံးလို့
ညစ်​ညမ်းပုံ ပို့လာကာ
ဈေးစကား​တွေနဲ့ တံ​ထွေးကြားမှာ
နစ်​​မျောကာသွားရင်​ဖြင့်
ဆူး​ပေါကျ ဖက်​လား ??
ဆူးကျခံဖက်​လား???
အို........
မည်​သူအရှက်​ရ​စေမည်​​လော ညီမ​လေးရယ်​.....

Moe Myint Oo
��A crashing bore boy��

Thursday, January 12, 2017

စိတ်​ချမ်းသာ ​ပျော်​ရွှင်​ပါ​စေ

စိတ်​ချမ်းသာ ​ပျော်​ရွှင်​ပါ​စေ

စကားတစ်​ခွန်း​ကြောင့်

လူတစ်​​ယောက်​ရဲ့ဘဝ

အညွှန့်​တုံး သွားနိုင်​သလို

စိတ်​ချမ်းသာ ​ပျော်​ရွှင်​မှု​လေးလဲ

ပျက်​ပြယ်​သွားနိုင်​တယ်​.....

လူတစ်​​ယောက်​ကို ပြုစု ပျိုး​ထောင်​ ဖို့ ဆိုရင်​​တော့

စကား အခွန်း တစ်​​ထောင်​​လောက်

သုံးရလိမ့်​မယ်

ဒါ့​ကြောင့်​.....

စကားလုံး​တွေ ပွင့်​အန်​လာမယ့်

နှုတ်​ခမ်းဖျားမှာ နှုတ်​ခမ်း ဆိုး​ဆေး

ခြယ်​သ​နေတာထက်​...

ကိုယ်​ချင်းစာ တရားကို ခြယ်​သ ထားသင့်​တယ်.......

မို့းမြင့်​ဦး
��A crashing bore boy��

ဆက်​၍ဆက်​၍.. ...

ဆက်​၍ဆက်​၍ ......

အသက်​ငယ်​တဲ့ နှမငယ်​​ရေ......

တွေ့ဆုံခွင့်​ဆိုတာ မ​သေချာဘဲ

မ​ရေရာစွာ ​တွေ့ဆုံမိပြန်​တယ်ဲ

စိမ့်​ယိုထွက်​တဲ့ ချစ်​ခြင်းဓာတ်​ကို

တားဆီး ဖြတ်​​တောက်​ မတတ်​နိုင်​ခဲ့ပြန်​ဘူး.......

မပိရိ မဖုံးဖိနိုင်​တဲ့ ဥာဏ်​နဲ့
လိမ်​ညာ ​သွေဖီလို့ စမ်းချင်​​ရော့လား

မာန်​ပါပါ မလိမ်​ညာတတ်​ပါဘူး

အိုကွယ်​.... ကံတရားရယ်

ခေါင်း ငိုက်​စိုက်​ချ လိုက်​တာကို

မ​ကျေနပ်​​သေးဘူး ဆိုပြန်​​ရော့လား...

နောက်​​ကျော ထိုးမယ့်​ ဓားတစ်​လက်​ကို

ငါ့နှလုံးသား ​ကျောက်​သားကြမ်းထက်​မှာ တင်

ပြီးရင်​ ငါ့မျက်​ရည်​နဲ့​သွေးစမ်းပါ​လေ....

ငှဲ့ညှာဖို့ ​တောင်းဆိုမှာက

နောက်​​ကျောဆို​ပေမယ့်

ဆက်​၍ဆက်​၍.. ....

လိမ်​ညာပြီး ထိုးပါ နှမငယ်​.....

Moe Myint Oo (A crashing bore boy)