ဘုန်းဘုန်းကျောင်းက ခမ်းနားလွန်းတယ်ဘုရား
ဒကာလေး ဒီကျောင်းကို ဘုန်းဘုန်းပိုင်တယ် ထင်လား?
ဘုန်းဘုန်းကျောင်းထိုင်ပဲလေ ဘုရား
တကယ်တော့ ဒကာ/မတွေ ပိုင်တာပါ ။ ဘုန်းဘုန်းအပေါ်ကိုယုံကြည်မှုမရှိဘူး၊ သဒ္ဒါတရား မရှိဘူးဆိုရင် ဒီကျောင်းမှာ ဘယ်နေလို့ရမှာလဲ
.......
ဒကာလေး ဗုဒ္ဓဘာသာကိုချစ်လား
ချစ်ပါတယ်ဘုရား
သြကာသဘုရားရှိခိုးကော ရရဲ့လား
ရပါတယ်ဘုရား
ဒါဆို ရပ်ပြစ်ရှစ်ပါးက ဘာတွေလဲ ဖြေကြည့်ပါဦး
အဲ....
ရတယ်ဆို......
မြန်မာတိုင်းရင်းသားတွေကိုရော ချစ်ရဲ့လား
ချစ်ပါတယ်ဘုရား
တိုင်းရင်းသား ဘယ်နှစ်မျိုးရဲ့အကြောင်းကို နှံ့နှံ့စပ်စပ်လေ့လာဖူးလဲ
..........
ဒကာလေးချစ်ခင်ရတဲ့သူတွေနဲ့ အွန်လိုင်းပေါ်မှာ အချိန်ဘယ်ကြောက်ကြာကြာ စကားစမြည်ပြောလဲ
ကျွန်တော်ပြုံ့းစိစိလုပ်ရုံမှလွဲ မတတ်နိုင်
ဒကာလေး ဘာသာတရားချစ်တာ မြန်မာတိုင်းရင်းသားတွေချစ်တာ ဘာနဲ့သက်သေပြမှာလဲ
ချစ်ခင်သူတွေနဲ့ အွန်လိုင်းမှာ စကားစမြည်ပြောသလို ဒကာလေးချစ်တဲ့အရာတွေ စကားစမြည်ပြောဖို့ တိုက်တွန်းပါတယ်
နားလည်ပါပြီဘုရား
ကိုယ့်ရဲ့ ငါသိ ငါတတ်ကစတဲ့ မာနစိတ်ကို လူတွေရဲ့ ခြေဖ၀ါး ကပ်နေတဲ့ မြူမှုန်လောက်ပဲ သဘောထား။
ကိုယ့်ကိုယ်ကို ချိုးနှိမ်နိုင်သလောက်ချိုးနှိမ်ရင် ကြိုးစား။ ကျင့်သားရရင် လူရော စိတ်ပါ ကျန်းမာချမ်းသာလာလိမ့်မယ်
အခွင့်ကြုံလို့ပြန်ဆုံရင် ဘုန်းဘုန်းလိုချင်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားပါ့မယ် ဘုရား