မှတ်မိသေးသည်
အိမ်ပေးသချာင်္၊ တွက်မလာ၍
ဆယ်ခါထိုင်ထ၊ ချစ်ဒေါသဖြင့်
ဆုံးမဒဏ်ပေး ခံရသေး၏
ကလေးဘဝ ငယ်စဉ်ကလျှင်
ဆရာ့အကြောင်း ငယ်ကကျောင်း
ယခုအခါ
သာယာရွှန်းစို တက္ကသိုလ်တွင်
နုပျိုတက်ကြွ ပါမောက္ခဟု
ဌာနသချာင်္ စင်မြင့်မှာလျှင်
နေရာတည်တကျ ရခဲ့ပြီ။
သြော် ဒဏ်ပေးဆရာ ငယ်ကရွာနှင့်
ငယ်စာသင်ကျောင်း ကျေးဇူးဟောင်းကို
ပြန်ပြောင်း...မှန်းဆ သတိရတိုင်း
တမ်းတရင်ခုန် အလွမ်းစုံဖြင့်
ယုံကြည်မြတ်နိုး သဒ္ဒါတိုး၍
ရှိခိုးပူဇော်မိတကား။
ကိုစန်းငွေ(ဧရာဝတီ)
No comments:
Post a Comment