Tuesday, April 25, 2017

တောင်းဆိုမှု

တောင်းဆိုမှု
✏✏✏✏✏

သက်​ပြင်းချသံ​တွေ မိုးချုန်းသံလို
ကြောက်​ခမန်းလိလိ ​မွှေ​နှောက်​ရင်း

စွန့်​ပစ်​ခံခဲ့ရတဲ့ အ​ရောင်​​ပျောက်​ညမှာ
ခန္ဓာမဲ့ သစ်​ပင်​အို​တောင်​ က​ယောင်​ကတမ်းနဲ့
ရွက်​​ကြွေတစ်​ရွက်​ ​မြေပြင်​သက်​ဆင်းရင်း

လေနု​အေးကတိုက်​ခတ်​ရင်း သံစဉ်​တစ်​ပုဒ်​ညည်းသွားတယ်
ကိုယ့်​ကို သနားလို့ထင်​ပါရဲ့ကွာ...

အဆက်​အသွယ်​ဖြတ်​ဖို့များ ​တွေးမိကြကုန်​ပြီလား
ဆက်​ဆံမှု​တွေ ရပ်​တန့်​ပစ်​မယ့်​အစား
ဟောင်းနွမ်း​နေတဲ့ အပြုအမူ​တွေကို
စွန့်​လွှတ်​ပစ်​ပြီး ဆန်းသစ်​ကြည့်​ကြစို့လား

No comments:

Post a Comment