Saturday, April 8, 2017

သူမသို့

ဆန်းဆန်းပြားပြားကြီးမှ မဟုတ်​တာ
တခမ်းတနားကြီး သိမ်းဆည်းစရာလည်းမရှိဘူး
မနက်​ကျ ​ပျော်​ရွှင်​စွာ နိုးထရလိမ့်​မယ်​ ထင်​ကျတာချည့်​ပဲ
နိုးတာမနိုးတာ ကိုယ်​နှင့်​​တော့မဆိုင်​ဘူး
ကျွန်​​တော့်​ကိုဆက်​သွယ်​ဖို့ သူမကသူ့အိမ်​ကို​ကြောက်​တယ်
တခါတရံ​တော့ ​ရော​ရော​ယောင်​​ယောင်
သူမအိမ်​ကို ကျွန်​​တော်​ပါ​ကြောက်​လို့ ​နောက်​မှ​နောက်​မှနဲ့ ဆက်​ဆံ​ရေးကြဲလာပါ​ရော
ဘဝဆိုတာ ​မေးခွန်​တို ရှည်​​တွေချည်း မကြုံဘူးတဲ့
သူမကိုယ်​တိုင်​ yes, no ​မေးခွန်းကို စာစီကုံး​နေတာ
အဆုံးမသတ်​တဲ့ သူမအချစ်​​တွေနဲ့အတူ
ဧရာလို​တွေ့ရာ ပုရိသ​တွေ တိုက်​စားလို့
ဘဝ​တွေကြမ်းတာမြင်​သာတယ်
လုပ်​ရပ်​​တွေ မရမ်းပါဘူး
ဘဝခါးတာကျ မြင်​သာတယ်
အသိ​တွေ​တော့ မဝါးခဲ့ပါဘူး
လက်​လမ်းမှီသ​လောက်​​ပေါ့ ကြိုးစားတယ်
တတ်​နိုင်​သ​လောက်​​ပေါ့ အားတင်းထားပါတယ်
ဆန်းဆန်းပြားပြားကြီးမှ မဟုတ်​တာ
ခမ်းခမ်းနားနားကြီး သတိမရရင်​​နေပါ

No comments:

Post a Comment