အရင်းအနှီး အဖြစ်
နှလုံးသားတစ်ခုလုံးရင်းနှီးထားခဲ့ရတာပဲ
အချစ်ရဲ့ကျေးကျွန်ဆိုတဲ့ ဂုဏ်ပုဒ်ကို
ရူးသွပ်မှုမျိုးတော့ လွမ်းမနေနိုင်ဘူး
အရင်းနှီးက တန်ဖိုးကြီးနေလို့လေ
ချစ်ရတာ မခက်ဘူးတဲ့
ချစ်မြဲချစ်ဖို့တော့ ခက်တယ်မို့လား
လှောင်အိမ်တံခါးဖွင့်ပေးတာတောင်
ငါ့မှာ လွတ်လွပ်မနေဘူး
မင်းရေဒါတွေထဲမှာ တဝဲဝဲလည်နေတယ်လေ
သူ့ရဲ့ပါးပြင်လေးပေါ့
ပါးကွက်ကြားတွေကြား မထင်မသာလေးပြုံးပြီး
မှိုတက်နှလုံးသားကို ခပ်ကြမ်းကြမ်းလှုပ်ရမ်းတာ
ရည်းစားစကားပြောရတာ ဘာခက်တာမှတ်လို့
သူသိသွားရင်သာ မျက်နှာမထားတတ်တာ ခက်တယ်
ကတိပေးတိုင်း ဟုတ်လှပြီမထင်ဘူး
ကတိတည်တဲ့ အကြိမ်ရေကတော့ စွဲမက်စေတယ်
အမြင့်ကိုပျံနိုင်လျက်
အနားမှာ ရစ်ဝဲနေတဲ့ငှက်ကို
တန်ဖိုးမထားဖူးဆိုရင်တော့ မိုက်မဲရာကျမယ်
ရင်းစရာမရှိလို့ပါ......
နှလုံးသားကိုပဲ ရင်းပါရစေ..
No comments:
Post a Comment