Monday, May 29, 2017

မိန်းမလျာလို နှလုံးသားပိုင်​ရှင်

မိန်းမလျာလို နှလုံးသားပိုင်​ရှင်
��������������������

မင်းကို`ချစ်​တယ်​´ ဆိုတာထက်
လေးနက်​တဲ့စကားလုံးရှာ​ဖွေ​ပြောချင်​တယ်
အသုံးမကျလိုက်​တဲ့ ငါ့နှလုံးသားနှယ်
ငါ့ကိုမချစ်​လို့ ထားခဲ့တဲ့ မင်းကိုမှ
တမ်းတ​နေလိုက်​တာ
ရင်​တစ်​ခုလုံး ဆို့ခနဲ့ နင့်​ခနဲ့
တခါတ​လေ
အသံ​တွေမကြား ရုပ်​ဝတ္ထု​တွေမမြင်
အသက်​​တောင်​ရှူမိ​သေးရဲ့ မသိ​တော့
ပဉ္စလက်​ဆန်​ဆန်​ ​လောကဓံလှည့်​ကွက်​ကို
မသိသလို သိသလိုလိုနဲ့ ခံလိုက်​ရရုံ။

ငါ့နှလုံးသားနှယ်​ ....
ညံ့လိုက်​တာ
ကြေမွအစိပ်​စိပ်​ဖြစ်​သွား​တောင်
မင်းလာမယ့်​ဒီမြို့ကို စွန့်​မယ့်​ ငါ့ဦး​ဏှောက်​ကို
တားဆီးမှု​တွေ အကြိမ်​ကြိမ်​ ပြုလုပ်​လွန်းတယ်​။

မဆန်းပါဘူး​လေ
ခပ်​ကြမ်းကြမ်း​လေး​တော့ ခံစားလိုက်​ရတာ​ပေါ့။

ရင်​ခွင်​ထက်​မှာ မင်းလာမှီတဲ့ အိပ်​မက်​​တွေတိုင်း
`ထွက်​သွားပါ​တော့ကွာ´လို့
ယောင်​​ယောင်​​အော်​ရင်းနဲ့
အိပ်​စက်​ခြင်းကို​မေ့​လျော့ ​ကြောက်​ရွံ့ရင်း
ငါ့မှာ အိပ်​ပျက်​ည​တွေ တနင့်​တပိုးနဲ့ညားခဲ့။

ပြုံးမလိုနဲ့  မဲ့သွားတဲ့  ငါ့မျက်နှာမှာ
မင်း​တော့မသိရှာဘူး​ပေါ့
ငါနဲ့အတူတူရှိနေတဲ့  တိမ်ညိုတွေလိုပဲ
မျက်ရည်တောင်  စို့ခဲ့ရတယ် 

ငါ့နှလုံးသားနှယ်​.. ....
နုလိုက်​တာ မိန်းမကြီးတစ်​ပိုင်းဖြစ်​လို့
မင်းကို နာကြည်း လိုက်​တာလို့
အသိစိတ်​က ထပ်​ချည်းတလဲလဲ ​​ထောက်​ပြတာ​တောင်
မိန်းမလျာလိုနွဲ့တဲ့ ငါ့နှလုံးသားရဲ့
တားမြစ်​မှုမှာ ပါးစပ်​ကြီး ပိတ်​သွားရတယ်​။

မြိုသိပ်​လိုက်​တဲ့ သတိရခြင်း​တွေ
ဖိနှိပ်​​လေ ထကြွ​လေပဲမို့
စကားလုံး​တွေ အဖြစ်​ ဖန်​တီးရင်း
အမည်​တပ်​လိုက်​တယ်
မိန်းမလျာလို နှလုံးသား ပိုင်​ရှင်​လို့​ပေါ့

#MMO

No comments:

Post a Comment