Friday, April 7, 2017

အ​လေးမထားသူသို့

အိမ်​မက်​ကိုလက်​​တွေ့ထင်​ခြင်း

မေတ္တာအဖြစ်​ ပန်းတစ်​ပွင့်​ကမ်းခဲ့​ပေမယ့်
ဘဝလမ်းမကြီး​ပေါ် မင်းစွန့်​ပစ်​ခဲ့တယ်​.....
စွန့်​ပစ်​ခံဆိုမှဖြင့်​ မင်းအတွက်​အမှိုက်​တစ်​စ​ပေါ့
တယုတယ​လေးပဲ အဲ့အမှိုက်​တစငါ့​မေတ္တာကို ​ကောက်​လို့
စနစ်​တကျအမှိုက်​ပုံးထဲ ခမ်းခမ်းနားနား  စွန့်​လိုက်​တယ်
ငါ့အတွက်​ တန်​ဖိုးကြီး​နေလို့​လေ
လက်​လှမ်းမှီသ​လောက်​​ပေါ့ မင်း​ကျောကို​ငေးကြည့် ​သေးတယ်
တတ်​နိုင်​သ​လောက်​​ပေါ့ အားတင်း​မျှော်​လင့်​ကြည့်​တယ်
ဘာလို့များအပြီးအပိုင် ​နှုတ်​ဆက်​စကား goodbye ကိုမ​ပြောခဲ့တာလဲ....
ကျေးဇူးပြု၍လမ်းကြုံရင်​ လမ်းခွဲနှုတ်​ဆက်​စကား​ပြော​ပေးပါ
goodbye လို့​လေ
ခု​တော့  မနက်​ဖြန်​​တွေ ​ရေတွက်​ရင်း
ကျော်​လာလိုက်​တဲ့အချိန်​​တွေ ဘယ်​လိုကုန်​မှန်းမသိ​ပေမယ့်
ရည်​ရွယ်​ချက်​​တွေက​တော့ ....
ဝိုးတိုးဝါးတား ​မှေးမိန်​​နေတာ​တောင်
ထမင်းဆီဆမ်း​လေး​တော့ ​တောင်း​နေမိ​သေးတယ်

No comments:

Post a Comment