Sunday, June 18, 2017

ဖြစ်​ပျက်

ဖြစ်​ပျက်

ချစ်​ရသူ.....
လက်​တွဲ့ဖို့မရည်​ရွယ်​ပါဘဲနဲ့
ပေ​တေ​နေတဲ့ ငါ့ဘဝထဲကို
ကြင်​နာမှု​တွေနဲ့ မင်းဘာ​ကြောင့်​များ
ဝင်​လာခဲ့သလဲ ခုထိစဉ်းစားမိတုန်းပဲ

ကံကြမ္မာ​လေးရာ......
မပြည့်​စုံနိုင်​တဲ့ ဘဝ​လေးမှန်းသိရက်​နဲ့
ရင်​ခုန်​စရာ​တွေနဲ့ အစထဲကသူ​လေးနဲ့
ဆုံခွင့်​မ​ပေးပါနဲ့​တော့လား

ရင်​ခုန်​သံ​လေးရာ.........
ခဏတာ​တွေနဲ့ မျှား​ခေါ်​နေတာ
တစ်​ဘဝစာမဟုတ်​ခဲ့ဘူးဆိုတာ
အစကတည်းကသိခဲ့ရင်
သိပ်​​ကောင်းမှာပဲကွာ.....

ခု​တော့...
ခဏတာရင်​ခုန်​မှု​တွေနဲ့
ကံကြမ္မာမိုးမှုန်​မွှားကြားမှာ
ချစ်​ရသူ​ပျောက်​ဆုံးလို့
ဘဝက နာကျင်​စရာ​တွေ ဖြစ်​ကုန်​ကြပြီ

No comments:

Post a Comment