Thursday, March 30, 2017

ကြယ်​​လေးသို့ ရင်​ဖွင့်​ခြင်း

ကြယ်​​လေးသို့ ရင်​ဖွင့်​ခြင်း

တွေ့ဆုံနိုင်​ခွင့်​မှ မရှိ​သေးတာ
ထိုင်​​နေရင်​ ဘာမှဖြစ်​မလာဘူးတဲ့
ကိုယ့်​ဘဝကလည်း ထဖို့မှ အားမရှိ​သေးတာ

ငါအရမ်းချစ်​တာ ကြယ်​​လေးပါလို့
ဟစ်​​အော်​ကြည့်​တယ်
အိမ်​မက်​ဆိုတာ လင်းမှသိတာက
ဟစ်​တလာရဲ့ ဂျူးကိုမုန်းသလိုမျိုးပဲ

အသံကြားခွင့်​တဲ့
အ​ရောင်​ပြယ်​ ပန်းချီကားလို ခပ်​​ရေး​ရေး
မှိန်​တစ်​ဝက်​ ပျက်​တစ်​ဝက်
ဘာကိုပုံ​ဖော်​လည်း မခွဲခြားတတ်​​တော့
ကြိုးစားကြည့်​မယ်​ ကြံတိုင်း
ရလဒ်​က မင်းမိသားစု ငြိုငြင်​ခံရမယ့်​မင်း.........
ငါအဲ့အဖြစ်​ကို​ကြောက်​လို့ ဆန္ဒတစ်​ခု
09အစဂဏန်းတစ်​ချို့ ရဲ့​နောက်​မှာ
ကွယ်​ဝှက်​ထားရင်း ဟန်​​ဆောင်​တတ်​လာတယ်

ကြည့်​​ခွင့်​မရှိလည်း ဖြစ်​တယ်
တွေ့ဆုံခွင့်​မရှိလည်း ဖြစ်​တယ်
ထွေး​ပွေ့ခွင့်​မရှိလည်း ဖြစ်​တယ်
အသံကြားခွင့်​မရှိလည်း ဖြစ်​တယ်

ယုံကြည်​ရာတစ်​ခု တစ်​ခြားတစ်​ခုက ​ကျေနပ်​မှု
ငါနဲ့ထပ်​တူခံစား​နေမယ်​ ယုံကြည်​ရင်
ကျေနပ်​မှုက.....
ဒီ​ကမ္ဘာ​မြေ​လောကရဲ့
တစ်​​ထောင့်​တစ်​​နေရာမှာ မင်း.......
အဆင်​​ပြေ​ပျော်​ရွှင်​​နေတယ်​ အသိနဲ့
အရာရာကို ငါ​ကျေနပ်​ပါတယ်
အစွမ်းကုန်​လင်းပါ ကြယ်​​လေးရာ
မင်းက မ​ကြွေတဲ့ ဓူဝံကြယ်​ပဲမို့လား

No comments:

Post a Comment