ဆယ်ကျော်သက်နှင့်အချစ်
ငယ်ရွယ်တဲ့ယောက်ျားလေးက အချစ်ဆိုတဲ့ စိတ်ခံစားမှု ရှေ့တန်းမတင်သင့်ဘူး။ တကယ်တော့ အချစ်ဆိုတာ The whole life ဘဝတစ်ခုလုံးကြီး မဟုတ်ဘူးလေ။ ဘဝရဲ့ အစိတ်အပိုင်းလေး တစ်ခုမျှသာ(just a part of life)ပါ။
တစ်ဘက်သတ်ဆန်တယ်လို့များ တွေးမိသွားလားပဲ။
တူနှစ်ကိုယ် စွယ်တော်လို တဲအိုပျက်မှာ ထမင်းရည်ပူလျှက် ဆိုတာ စာရေးဆရာတွေရဲ့ စိတ်ကူးထဲက ဇာတ်လိုက်တွေပဲ ရှိတယ်။ စိတ်ကူးယဉ်ခြင်းကနေ တကယ့်လက်တွေ့ ပတ်ဝန်းကျင်ကို ကြည့်စမ်းပါဦးလား......
ရုန်းကန်ကြရင်း မပြေလည် ကတောက်ကဆတွေနဲ့ ဆူဆူပူပူတွေ များလွန်းလို့ .....
♥ လူ့လောကမှာ ကိုယ်ခြေပေါ်ရပ်တည်နိုင်တဲ့ အခြေအနေမရောက်ခင်ထိ အချစ်ဆိုတဲ့ ခံစားမှုကို ရှေ့တန်းမတင်ပါနဲ့♥
စိတ်ညစ်နေတုန်း အားပေးသူလိုအပ်တာ မှန်တယ်။ လှုပ်ရှားရုန်းကန်ရင်း မောပန်းနေချိန် ရေတိုက်သူရှိတာ ကောင်းတယ်။ သို့သော်...
ဘဝရပ်တည်ဖို့ ကြိုးစားနေချိန် ခြေတစ်လှမ်းရှေ့လှမ်းတိုင်း လှမ်းတိုင်းမှာ ကိုယ်ခြေကို အချစ်ဆိုတဲ့ ထူးခတ်ခံနေရရင် ဘယ်ကောင်းတော့မှာလဲ။
အွန်းလိုင်းမှာ ၈နာရီလောက်တွေ့၊ အပြင်မှာ ၈နာရီလောက်တွေ့၊ စားချိန်ဖုန်းဆက်၊ အိပ်ချိန်လည်းဆက် မအိပ်လည်းဆက်၊ တခါတရံ သူ့ဘာသာ လန့်နိုးလာတာတောင် အိမ်မက်ဆိုးတွေမက်လို့ ကိုကိုများတစ်ခုခုဖြစ်နေမလားလို့ ဆိုပြီိး ညည့်နက်နက်ထဆက်တာကရှိသေး။
ချစ်တာလည်းချစ်ပေါ့.....
ဘဝအတွက်ကြိုးစားနေချိန်မှာ ကိုယ့် ရည်မှန်းချက်ထိခိုက်တဲ့ထိတော့ မချစ်ပါနဲ့ဦး။ ချစ်တာနဲ့ ကိုယ့်ကိုယ်ကို ရောင့်ရဲပစ်တာ လွဲမှားပြီး ရည်မှန်းရာအရပ်ကို မရောက်တတ်လို့ပါ....
No comments:
Post a Comment