Wednesday, May 31, 2017

မခမ်းနားတဲ့အသိုက်

မခမ်းနားတဲ့အသိုက်
������������

အစိမ်း​ရောင်​ ကမ္ဘာ​မြေ​ပေါ်မှာ
သံ​ယောဇဉ်​ ခြံစည်းရိုးဝန်းရံလျက်
မျှော်​လင့်​ချက်​​တွေ ပြည့်​နှက်​​နေတဲ့
အိမ်​တစ်​လုံး ဖန်​တီးချင်​တယ်
အပူဒဏ်​ခံရည်​ ရှိမရှိ​တော့ မ​သေချာ

ကလန့်​တစ်​ခုမှ မရှိတဲ့ ပြတင်း​ပေါက်​​တွေက
ဒိုးယို​ပေါက်​ စီးဆင်း​နေမယ့်
လ​ရောင်​စမ်း ညချမ်း​တွေရှိမယ်
လပြည့်​ညတိုင်း​တော့ လထွက်​ချင်​မှထွက်​မယ်

မိုးတွင်း မိုးစက်​​တွေ မထိမှန်​ဖို့
အမိုးအဖြင့်​ ကိုယ့်​လက်​တစ်​စုံရှိမယ်
နှင်းမှုန်​ကြားမှာ ​နွေး​ထွေး​စေမို့
ရင်​ခွင်​တစ်​ခုနဲ့
နွေရာသီ ချစ်​ချစ်​​တောက်​ပူတဲ့ ​နေ့ခင်း​တွေမှာ
ရဲရဲ​ဝံ့ ​ကျောခင်းလို့ အံတု​ပေးမယ်

ကဲ.......
နှုတ်​အားထက်​ လုပ်​အားနဲ့ သက်​​သေပြမှာမို့
မင်းဝင်​ရဲရင်​ တံခါးဖွင့်​ပြီးသားပဲ
#MMO

No comments:

Post a Comment