Friday, March 10, 2017

သက်​ဆိုင်​သူ (သို့) မသက်​ဆိုင်​သူ သို့


သက်​ဆိုင်​သူ (သို့) မသက်​ဆိုင်​သူသို့
***************************

တမ်းတမှု​တွေ များလာတာက
ချစ်​မိပြီဆိုတာကို
သက်​​သေပြ​နေ​ရော့​လေ.....

လွမ်း​စေဖို့ဖန်​​နေတာက
မင်းရယ်​တဲ့ ရယ်​သံ​လေး​ပေါ့....

အရင်​လို မဟုတ်​ဘူး​နော်
ဘယ်​ဟုတ်​မှာလဲ
ငါ့မှာလဲ စာ​မေးပွဲနဲ့
မင့်​မှာလဲ ​စေတနာ​တွေ တာဝန်​​တွေ
ကြည့်​ရမယ်​လူ​တွေနဲ့
စွဲလမ်းစိတ်​​တွေ တစ်​ဦးနဲ့တစ်​ဦးကြား
တိတ်​တိတ်​​လေး အမြစ်​တွယ်​လာ​တောင်
ထုတ်​ပြဖို့ မဝံ့ရဲခဲ့ကြပြန်​ဘူး....

စိတ်​နာလိုက်​တာကွာ.....
ဝေး​နေရတာကြီးကို စိတ်​နာလိုက်​တာ
ဟုတ်​တယ်​...
အစတည်းက နီးစပ်​ခဲ့ကြတာ မဟုတ်​​ပေမယ့်
ဝေး​နေရတာကြီးကို စိတ်​နာလိုက်​တာ...

No comments:

Post a Comment