Sunday, March 19, 2017

ထင်​သလိုမမြင်​နဲ့

ထင်​သလို မမြင်​နဲ့
*************

တိမ်​​တွေကို အ​တွေးနဲ့မျှားသလို
အစားပျက်​ခံ အိပ်​ယာထက်​မှာ​ခွေမ​နေနဲ့​နော်
ခြောက်​​သွေ့​သွေ့ ခံစားချက်​​တွေနဲ့
ကောင်​ကင်​ထဲ ငြမ်းစင်​ထိုး လမင်းကို မီးလုံးအဖြစ်
လက်​​ဆောင်​​ပေးချင်​သူ​တွေနဲ့
အွန်​လိုင်း​ပေါ်မှာလည်း စကားသိပ်​မ​ပြောနဲ့​နော်
ပြောရလွယ်​သလို သိသ​လောက်​လဲ မကျင့်​ကြံနိုင်​တဲ့
လူ​တွေကြား ရင်​ဘတ်​​တွေသာ ​ဟောက်​ပက်​ပက်​ ဖြစ်​သွားမယ်
မေတ္တာစစ်​ရှားဆဲမို့
ပြင်​မရတဲ့ ​နောင်​တ မရ​စေချင်​လို့ပါ

ဘဝဆိုတာ ခါးသီး​နေရင်​ ချိုတာရှာ၊
မှောင်​​နေရင်​ အလင်းရှာယူ၊
ကွေ့​ကွေ့​ကောက်​​ကောက်​ဆို ​ဖြောင့်​ဖြူးတာရှာရတာမို့
ခဏခဏ စိတ်​ပျက်​တယ်​/စိတ်​ညစ်​တယ်
ညည်းတွား မ​နေပါနဲ့​နော်
ပိုင်​ဆိုင်​ဖို့မ​သေချာ​သေး​ပေမယ့်​ ရှာ​ဖွေပိုင်​ခွင့်
လူသားတိုင်းမှာရှိပါတယ်

မောင်​နှမလိုဖြစ်​ဖြစ်​ သူငယ်​ချင်းလိုဖြစ်​ဖြစ်
သူတစ်​ပါးအ​ပေါ်လဲ အရမ်းဂျီကျမ​နေနဲ့ဦး
လူ​ကောင်းထက်​ အ​ရေခြုံများ​နေလို့....

No comments:

Post a Comment