Friday, March 17, 2017

ငါ့​နောင်​တနဲ့ မင်း​ကောင်းသွားမှာပါ

ငါ့​နောင်​တနဲ့ မင်း​ကောင်းသွားမှာပါ
""""""""""""""""""""""""""""""""""""""

မလာခဲ့တာမှန်​တယ်
ဝုန်းဒိုင်းကျဲပြီး ရင်​ဘတ်​တစ်​ခုလုံး
ဖရိုဖရဲနဲ့ ပြိုပြိုလဲလဲ ဖြစ်​​အောင်​သာ
ခံစားရုံကလွဲပြီး.....
ဘာတစ်​ခုမှလက်​​တွေ့ ပုံမ​ဖော်​နိုင်​ခဲ့သူမို့ပါ....

မလာခဲ့တာမှန်​တယ်
ကြယ်​​တွေစုံလို့ တာယာ​တွေနဲ့
ခုန်​ကာက​နေတဲ့ မင်းကလမင်း....
အဆင်း ဝင်းဝင်းဝါ
ထင်းထင်းသာတဲ့ လမင်းကို
ဖုံးအုပ်​မဲ့ ငါကတိမ်​မည်းညစ်​တစ်​ခုမို့ပါ.....

မလာခဲ့တာမှန်​တယ်
ဖြည့်​ဆည်းမှု​တွေ မ​ပေးနိုင်​ခဲ့ဘူး...
စိတ်​ကသိက​အောက်​ စကားလုံး​တွေနဲ့
မင့်​ရင်​ဘတ်​ကို မီးညှိသူမို့ပါ......

မလာခဲ့တာမှန်​တယ်
အလွမ်းသက်​သက်​ကို အ​ဆွေးနဲ့အသက်​သွင်း
အလွမ်းအ​ဆွေးသီချင်း​တွေ အော်​ဟစ်​ပြ​နေရုံလွဲ
ဘာတစ်​ခုမှ အသုံးမကျသူမို့ပါ

မလာခဲ့တာမှန်​တယ်
သဝန်​တိုမှုကို ဖက်​တွယ်​ ချုပ်​ချယ်​မှုနဲ့
မင်းကို အခက်​​တွေ့​စေရုံကလွဲ
နားလည်​မှု တစိုးတစိ​တောင်​ မ​ပေးမိသူမို့ပါ

မလာခဲ့တာမှန်​တယ်
ဆု​တောင်းသံ​တွေ အပ်​​ကြောင်းထပ်
နှစ်​သိမ့်​မှု​တွေ ထပ်​ခါထပ်​ခါ​လောင်းရုံကလွဲ
မင်းအားကိုးထိုက်​သူ မဟုတ်​သူမို့ပါ.....

ကောင်းသွားမှာပါ

ပ​ဒေသရာဇ်​​ခေတ်​ ဘုရင်​​တွေရဲ့ ရာဂမီိးမှာ
လောင်​ချင်​တိုင်း​လောင်​ရင်း ကာမပိုင်​အတွက်
ချစ်​ရသူတို့ ​ဝေးကွာရင်း ​ကြေကွဲတဲ့ရာဇဝင်
မင်းဖတ်​ရင်းနဲ့ အချိန်​တစ်​ခုမှာ
အဖြစ်​အပျက်​တချို့ကို ​မေ့​လျော့လို့
ပုံပြင်​မဟုတ်​တာကို ပုံပြင်​လိုသ​ဘောထား
မင်းတစ်​​နေ့ကျ ​နေလို့ထိုင်​လို့
`​ကောင်းသွားမှာပါ´

မင်းသူ့ကိုမချစ်​ပဲ
မင်းကိုသိမ်းပိုက်​သွားတဲ့ သူ့ကို​ကျေးဇူးတင်​တယ်

မင်းရင်​ခုန်​သံ​တွေကို လုံ​အောင်​ဖုံး​ပေးနိုင်​စွမ်းမရှိခဲ့​တော့
တို့ထိခွင့်​နှင့်​ ဆုပ်​ကိုင်​ခွင့်​တို့
လစ်​ဟာထွက်​​ပြေးကုန်​မှ
လုံးဝအသုံးမကျတဲ့​ကောင်​ဆိုတာ
ငါ့ကိုယ်​ငါ သိလာလို့.....

No comments:

Post a Comment