ရလဒ်ဆိုးတစ်ခု
************
နှစ်သိမ့်ရုံသက်သက်နဲ့တော့
နှစ်သိမ့်မနေကြပါနဲ့တော့..
ဘာဆိုဘာမှ မကျန်တော့ဘူး လေ.....
ညစ်နေတဲ့သူတစ်ယောက်ကို
ညစ်မနေပါနဲ့ကွာ ဆိုတော့
ကိုယ့်မှာရှိတဲ့ ရှိစုမဲ့စု ညစ်နေတာလေးတောင်
လစ်သွားရမယ့်ကိန်း....
တစ်ခါတစ်လေပေါ့.....
ကိုယ်ကိုယ်တိုင်တောင် လူမဆန်ချင်ဘူး
ပုတ်ခတ်ခံရတာ များလာလို့ထင်တယ်
ရက်စက်ရိုင်းစိုင်းချင်တဲ့ စိတ်တွေ ဖြစ်လာတယ်....
အပ်ကြောင်းထပ်အဖြေရှာကြည့်မိတဲ့ ပြဿနာ
ခေါင်းထဲရှိနေတာတောင်
အဖြေထွက်မလာခဲ့ဘူး
ဒါပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေနဲ့
ရလဒ်ဆိုးတစ်ခုပဲ
No comments:
Post a Comment