Friday, March 17, 2017

အလှ

အလှ
****

ဓမ္မ​တေးကို ညင်​ညင်​သာသာ
ရွတ်​ဆို​နေတဲ့ ဆည်းလည်းသံ​တွေရယ်

နေပူထဲမှာ ငို​နေတဲ့
တရုတ်​စကားပန်းပင်​​တွေရယ်

ရာသီသရုပ်​တဲ့ ဥသြငှက်​က​လေးရဲ့
နွေရာသီဖွဲ့ အ​ဖော်​ကွဲ သံစဉ်​​တွေရယ်

လူ့သမိုင်းထဲ ပြိုလဲကျ​တော့မယ့်
နှလုံးသားနဲ့ စာရွတ်​သံ (အသံတိတ်​) ​တွေရယ်

လွမ်း​စေတီမဟုတ်​​ပေမယ့်​ ​ဆွေးမြည့်​မယ့်
တော​တောင်​ဘီလူး​ချောင်​(စစ်​ကိုင်း​တောင်​)မှ ​စေတီက
နှောင်းလူ​တွေကို​ပြောပြလိမ့်​မယ်
ဆယ်​မိနစ်​စာ ငါ့အ​တွေး​တွေကို​ပေါ့......

No comments:

Post a Comment