သက်ပြင်း
မျှော်လင့်ဖူးပါတယ်
ဘာမှ ဖြစ်မလာတာတွေပဲ ကြုံနေရတော့
ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့ဘူးလေ....
ငါလား.....
ယုံကြည်ခဲ့ဖူးပါတယ်
ပြိုလဲကြေကွဲခဲ့ရတာ များတော့ရော
ဘာမှ မတတ်နိုင်ဘူးလေ
စွဲစွဲလမ်းလမ်း ခုံမင် တပ်မက်ကြည့်တယ်
အချိန်တွေ အများကြီးတော့ မစတေးနိုင်ခဲ့ဘူး
နားလည်နိုင်ပါ့မလား
အခွင့်အရေးဆိုတာ နှစ်ခါမရဘူးတဲ့
ကြားဖူးပါတယ်
သုံးကြိမ်မြောက် ငါစောင့်ကြည့်တယ်
ဟူး...........
No comments:
Post a Comment