ပန်းတစ်ပင်
အနယ်ကျလာတဲ့ ရင်နှီးမှု
ရေစီးကြောင်းတွေလို ပို့ချခံရတဲ့
နှလုံးသားမှာ သြဇာဓာတ်တွေကြွယ် ခဲ့တယ်
အံ့သြမှုတွေ မပြကြပါနဲ့
ရယ်သွမ်းမှုလည်း မပြုကြပါနဲ့
ပျိုးဖို့မရည်ရွယ်တဲ့ ပန်းတစ်ပွင့် ပျိုးမိခဲ့တယ်
သစ်ခွလှလှလေးတော့ မဟုတ်ဘူး
နှင်းဆီပင်လေး တစ်ပင်ပါ.......
No comments:
Post a Comment