Monday, February 20, 2017

ဝမ်းသားပါတယ်

ဝမ်းသာပါတယ်

ရွက်​​ကြွေ​တွေလား အရမ်းလှတယ်
လေမှာလွင့်​​နေတဲ့ ရွက်​​ကြွေ​တွေနဲ့အတူ
ဖုန်​မှုန့်​​တွေ ငါ့မျက်​နှာထိတာ​တော့
မလိုလားဘူး

စာရွက်​ဖိုင်​​သေး​သေး​လေးရယ်
မအားဘူးလို့ ပါးစပ်​က တဗွတ်​ဗွတ်​ရွတ်​ရင်း
ဘာမှမလုပ်​တဲ့သူရယ်
ငြိမ်​ကုပ်​ထိုင်​​နေတဲ့ ကျွန်​​တော်​ရယ်
စိတ်​ပျက်​စပြုတဲ့ သူတို့ရယ်
ပျော်​စရာမ​ကောင်း​သလို ဟာသလဲဆန်​တယ်

ရေဓာတ်​လို​နေတာ နှုတ်​ခမ်းကသက်​​သေပြတယ်
စားပွဲထက်​က ဒိန်​ချဉ်​ ပြုံးစိစိနဲ့
အိုင်းစတိုင်းရဲ့ ရထားစီးမယ်
အ​တွေး​ဟောင်း​တွေ​တော့ စွန့်​ရမယ်
သူတို့အ​တွေး​တွေ ​မှောင်​မိုက်​တုန်း
လုံးဝ ​မှောင်​မိုက်​တုန်း

အလင်းတန်းရှာမ​တွေ့​သေးဘူး
ဘယ်​မှာလဲ အလင်းတန်း?

အသိကို အသိတရားနဲ့ ဆက်​မယ်
အ​တွေး​တွေကို အ​တွေးနဲ့ဆက်​မယ်
အသက်​​တွေကို အသက်​​တွေနဲ့ဆက်​ရတယ်
တို့လက်​​တွေတွဲပြီး အ​မှောင်​ထုကို ဖြိုခွင်းစို့

မူပြ​တဲ့ မူရယ်​ ပြရယ်​ လှလိုက်​တာ
ဖြူတဲ့စိတ်​ကို အပြုံး​ရောင်​ဆင့်
ဟာသ​လေးနဲ့​တောင်​ ​ဘောင်​ကွပ်​လိုက်​​သေး
ထက်​ပြတဲ့ .... သူတစ်​စု​ကြောင့်
ငါအနက်​ဖွင့်​ရ ​စောက်​ထိုးဖြစ်​​တော့မယ်
အိုး.... အဲ့ ငါးခုံးမ အလင်းတန်းမ​တွေ့ဘူး ​မှောင်​တုန်း

တစ်​​ယောက်​ပုခုံး​ပေါ် တစ်​​ယောက်​နင်း
ဆင့်​ ဆင့်​ပြီး မတွန်းတင်​ချင်​​နေပါ
တွန်းထိုးဖြိုချသူ ဟန့်​တားသူ ခံယူချင်
ဝိုးတဝါးအသိလေးနဲ့ တစ်​စိတ်​ကို တစ်​အိတ်​လို့ ဟန်​ပြ

တစ်​ဦး​ပေါ်တစ်​ဦးထားသင့်​တဲ့
မေတ္တာတရား...
သစ္စာတရား....
မုဒိတာတရား.....
မသိသူကို ဥပက္ခာ​ကျွေးမယ်​ကြံရင်း
ငါလဲ စာတပိုဒ်​ အသိတရားတစ်​ခု တိုး
ငါ့အ​ကြောင်း မဟုတ်​တမ်းတရားနဲ့
မုသားစကား​တွေ ကြားရင်
အလိမ်​အညာ​တွေနဲ့ မတုန့်​ပြန်​မိ​အောင်​ ကြိုးစားရင်း

ရုံးဝန်​ထမ်းခန်းက ​ရေတစ်​ခွက်
အမှိုက်​ပုံးတွင်းလွှတ်​တဲ့ ဒိန်​ချဉ်​ဗူးခွံ
အားလုံးကို​ကျေးဇူးတင်​ဆို
အခြားသူ ဘယ်​နားလည်​မှာလဲ
စကားလုံး​တွေ အလွဲသုံးစားမှု
ခိုး​ကြောင်​ခိုးဝှက်​ စနစ်​မကျတဲ့အကြည့်​နဲ့ကြည့်​မှု
ဝမ်းသာတယ်​ ငါ့ခံစားမှု
ဘယ်​သူမှ နားမလည်​ခဲ့လို့

အစီအစဉ်​မကျတာကို သဘာဝတရားက အစီစဉ်​ကျ​​နေ​စေတယ်
အစီစဉ်​တကျစီစဉ်​ခဲ့​ပေမယ့်​ သဘာဝတရားက အစီအစဉ်​ မကျ​အောင်​ ရိုက်​ချိုး​စေခဲ့တယ်​....

သားရီး ဆီဖိုးတစ်​​ထောင်​​လောက်​​ပေးပါဦး
နွေဦးမှာ ငါ​ဝမ်းသာစရာ ရှာကြည့်​ချင်​လို့

No comments:

Post a Comment