ဘာမှထပ်မရှိတဲ့လူ.......
ရွက်ကြွေလွင့်တွေလို
မင်းနဲ့ လမ်းလျှောက်ဖို့ မက်ခဲ့တဲ့ အိမ်မက်
လေမတိုက်ပါပဲ လွင့်ရင်း မင့်ခြေရင်းခသွားတယ်
ရွက်ကြွေတာက မြေဆွဲအားကြောင့်တဲ့
ငါ့အိမ်မက်ကြွေတာ မင့်မာနကြောင့်လား??
မကြွေတဲ့ရွက်စိမ်းက ဆွဲအားကိုအံတုလို့
ငါ့မေတ္တာက မင့်မာနက အသက်သွင်းပါစေ
ကလိမ်ကကျစ် ဖီလင်တွေ တင်တတ်ငါ
ခု ဘာလို့ ခံစားမှုက မင့်ဆီရောက်သွားလဲ??
ဒီ postကို မဖတ်ပဲ like ၊ ခေတ်ကိုက
မျက်နှာလို မျက်နှာရနဲ့ comment တွေနဲ့ ဘဝင်ကိုင်
ဘိုးတော်ဘုရားတောင် လေးဘက်ထောက်တာကြာလို့
မတ်တပ်ရပ်လို့
ဈေးသည်က သူ့ဗန်းထဲက ထွက်ကျသွားတဲ့
ပန်းသီးတစ်လုံး အိုး.... နှမြောပါဘိ
လူတစ်ယောက် ....
ဇိမ်ခံကားနဲ့ ကြိတ်သွားတယ်
အိုး... သူ့အတွက် အဖိုးမတန်ဘူးတဲ့
ငါ့လက်ကကျတော့မယ့် အချစ်
သူတို့ခြေနဲ့နင်း လှောင်ရယ်မှုတွေကြား
ငါ့အတွက်တော့ အဖိုးတန်လို့
မင်းနားလည်ပါစေ......
သာမညလူမို့ ဆပ်ပြာပူပေါင်းတွေလို
ခံစားမှုက ထိခိုက်လွယ်တယ်
ချလို့မအား၊ တမင်ပိတ်လိုက်တဲ့ ဂဏန်းတွေ
မျက်စိရှေ့ရှိတာတောင် နားကမကြားသလို နေရမှာလား?
ကြားဖူးပါစ
ယောက်ျားတစ်ယောက်ရဲ့မာန်မာနတွေဟာ
သူတို့ရင်ထဲမှာစူးစူးနစ်နစ်ချစ်နေတဲ့မိန်းကလေး
ရဲ့ရှေ့မှာဒူးထောက်အရှုံးပေးလိုက်ရတယ်။
မိန်းမတစ်ယောက်ရဲ့မာန်မာနတွေဟာသူ့ကို
အရမ်းချစ်တဲ့ယောက်ျားလေးရဲ့ရှေ့မှာပိုပြီး
မောက်မာပြလာတယ် တဲ့
မင့်မာန အမြစ်တွေက တစ်ဆင့်
ငါ့မေတ္တာရေတွေ သောက်သုံးပါလေ.....
ငါဟာ ဒူးရင်းသီး
အခွံတော့ ထပ်မခွာနဲ့
လိုအပ်ခြင်းလို့ အနက်ဖွင့်တဲ့ အချစ်မဟုတ်ဘဲ
မေတ္တာတရားကလွဲရင်
အထဲမှာ ဘာမှထပ်မရှိတဲ့လူ...........
No comments:
Post a Comment