Monday, February 27, 2017

ဖြစ်​နိုင်​မယ်​ဆို

ဖြစ်​နိုင်​မယ်​ဆို....

အမြစ်​မရှိတဲ့ သစ်​ပင်​လိုပဲ
အသက်​က ခပ်​ရဲ့ရဲ့ ရှူ

တမ်းတမှုများလို့
ပြုံးရယ်​မှုကင်းလာတဲ့ နှုတ်​ခမ်း​တွေ

တကယ်​ဆို
မင်းလဲ ​အောက်​ဆီဂျင်​ မဲ့
အရုပ်​က​လေး ဖြစ်​လိုက်​ပါလား

ငါလက်​ဝယ်​ပိုင်​ဆိုင်​​အောင်
ကြိုးစားကြည့်​ချင်​လို့

Sunday, February 26, 2017

လိုအပ်​လာပြီ

လိုအပ်​လာပြီ

တ​ဝေါ​ဝေါ ထိုးအန်​ပြီး
ဒယိုင်းဒယိုင်​နဲ့
ဟော... ဟိုကလူငယ်​​လေး....
အော်​... ဒါမူးခြင်းရဲ့ သ​င်္ကေတ ပြယုဂ်

Highwayလမ်း​ပေါ်က ယဉ်
ဘယ်​နှုန်းနဲ့​ပြေးလဲ သိနိုင်​တယ်

တစ်​​စုံတစ်​​ယောက်​နဲ့ ဆုံမိရင်
ငါ့နှလုံးခုန်​နှုန်း သိမြင်​​စေချင်​တယ်
ဒါမှ ပုံမှန်​မဟုတ်​တာ ငါသိပြီး
သတ်​မှတ်​နှုန်းတိုင်း ခုတ်​​မောင်းချင်​လို့ပါ

မူးခြင်း သ​​င်္ကေတလိုပဲ
စစ်​မှန်​တဲ့ ချစ်​ခြင်းဆို ​အော့အန်​တဲ့ သဘာဝလိုချင်
ဖြူလွှစစ်​မှန်​တဲ့အချစ်​ဆိုတာကို
အန်​ဖတ်​​တွေနဲ့ ဖို့သတ်​ပြီး
အတုအစစ်​ လူ​တွေခွဲခြားတတ်​​အောင်​လို့

Wednesday, February 22, 2017

ပန်းတစ်​ပင်

ပန်းတစ်​ပင်

အနယ်​ကျလာတဲ့ ရင်​နှီးမှု

ရေစီး​ကြောင်း​တွေလို ပို့ချခံရတဲ့

နှလုံးသားမှာ သြဇာဓာတ်​​တွေကြွယ်​ ခဲ့တယ်

အံ့သြမှု​တွေ မပြကြပါနဲ့

ရယ်​သွမ်းမှုလည်း မပြုကြပါနဲ့

ပျိုးဖို့မရည်​ရွယ်​တဲ့ ပန်းတစ်​ပွင့်​ ပျိုးမိခဲ့တယ်

သစ်​ခွလှလှ​လေး​တော့ မဟုတ်​ဘူး

နှင်းဆီပင်​​လေး တစ်​ပင်​ပါ.......

Tuesday, February 21, 2017

ခဏတာ စကား​ပြောဖြစ်​သူ

ခဏ​တာ စကား​ပြောဖြစ်​သူ

ရွက်​​ကြွေ​တွေလိုဘဲ ​အောက်​ဆီဂျင်​ ယုတ်​​လျော့
ပတ်​ဝန်းကျင်​ဆိုတာကလည်း ဟန်​​ဆောင်ကြတာကအများသား
ရိုးသားမှု​တော့ ယုတ်​​လျော့လို့
ကလိမ်​ကကျစ်​ ဖီလင်​​တွေ နဲ့ မာန်​ပါပါ
အစစ်​ထင်​ရတဲ့ ဟန်​​ဆောင်​မှုကို သာယာမိလဲ
ဝမ်းနည်းမိချိန်​​တော့ ငါ့ကိုသတိရ​ပေးပါ

အဲဗားအွန်​လိုင်းတဲ့
သမုတ်​​စေစမ်း မိတ်​​ဆွေတစ်​ချို့နဲ့
ကျူတာမဟုတ်​လို့ မင်းဘဲနားလည်​​စေချင်
တကယ်​ဆို အရိယာမဲ့ ပုထုဇဉ်​မို့
တစ်​ဦီးတစ်​​ယောက်​ နားလည်​​ရင်
ကျေနပ်​တာကို အတ္တဆန်​မလား

ယားကျိကျိ နဲ့ ​ခေတ်​မီတယ်​ဆိုပြီး
ဝတ်​ဆင်​ပုံက ​ကျောက်​​ခေတ်​ကို ပုံ​ဖော်
အမိလူမျိုး ယဉ်​​ကျေးမှုက အမြစ်​ကျွတ်​ထွက်​လို့
အမျိုးသမီးအခွင့်​​ရေးတဲ့ ဝမ်းနည်းတယ်
စိတ်​ကြွ​ဆေးနဲ့ တား​ဆေး ဟို​ဆေးဒီ​ဆေး
အမိန့်​ရ​ဆေးဆိုင်​ရဲ့ ​နောက်​ကွယ်​က
မှောင်​ခိုဈေးကွက်
ခေတ်​မီတာနဲ့ ​ခေတ်​ဆန်​တာ ​ရော​ထွေးသတ်​ပုတ်​ရင်း
ရိုးသားမှုကို ​တောမီးလို ​လောင်​မြိုက်​ရင်း
ခွေးတစ်​​ကောင်​လို သစ္စာ​စောင့်​သိမှုနဲ့
ကောက်​ရိုးပုံကို​စောင့်​ sex ဆိုတာ အညှိအ​ဟောက်​လို့​ပြော
လိင်​ဆိုတဲ့ တဏှာအထိမှာ ​သာယာ
ဒုတိယဘုရားနဲ့ ရိုက်​ခွဲရင်း အ​ဝေး​ရောက်​မှာ ကျွန်​​တော်​တဲ့
ငွေဆိုတဲ့ ပကာသနတရားရယ်​ အလှဆိုတဲ့ရုပ်​တရားရယ်
နတ္ထိကို ဗလာထပ်​ infinity​တောင်​ လက်​ဖျားခါတယ်
လူလုပ်​​လောကထဲ ခံစားချက်​မဲ့
လူရုပ်​​လေး​တွေ သရုပ်​​ဆောင်​​နေရသလို
ခံစားရရင်​​တော့ ငါ့အ​တွေးကိုလက်​ခံ​ပေးပါ

မင်းသိသိလား...
လူယုတ်​မာကြီး​တွေကို လူဆိုး​တွေက​ထောက်​ခံ
လူမှန်​​တွေ​တောင်​ ဆိုးသွမ်းရမယ့်​​ခေတ်
သတင်းစာတဲ့ ဟာသ​တွေ​ရေးတာ လူကြိုက်​များတယ်
သတင်းလား?? အတင်းအဖျင်း​တွေလား?? ​ဘာ​တွေ ပုံနှိပ်​ပါလိမ့်​???
ပညာ​ရေးတိုးတက်​လာတဲ့ သတင်း
တကယ်​ဆို ပညာတတ်​ကြီး​တွေနဲ့ ဦး​ဆောင်​ထားတဲ့
ပညာဖျက်​ မဟုတ်​တမ်းတရားကို သင်​ရိုးညွှန်း
စာသင်​ခန်း​တောင်​ ငရဲခန်းလား အ​တွေးဝင်​မိ​သေးတာပါပဲ
အသပြာနဲ့ အသိပညာလှဲရတဲ့​ခေတ်
ရှားပါးလို့ ငှါးခွင့်​မရှိ ​သော့နဲ့ညားတဲ့
တက္ကသိုလ်​စာကြည့်​တိုက်​ စာအုပ်
လင်​တရူးလိုပဲ ​တွေ့ရာမှာ လင်​တရူးချင်​​နေတဲ့
လုပ်​ပိုင်​ခွင့်​ရူး ရူး​နေတဲ့ သူ​တွေ
မင်း​တွေ့ခဲ့ရင်​ ငါ့ဟာသ​တွေ သတိရ​ပေးပါ

မင်းတို့ ပညာ​ရေးအတုယူတဲ့သူက
ဆီလီကွန်​ထုတ်​ ​ကောင်းကွက်​ထုတ်​အမွှန်းတင်
လည်​ဟိုက်​ဝတ်​တဲ့ သင့်​ဇာ ရင်​သားလတ်လတ်​ဆတ်​ဆတ်​မှာ
နစ်​​မျောတဲ့ မျက်​လုံးပိုင်​ရှင်
မင်း​လေးစားတဲ့သူ ဖြစ်​ခဲ့ရင်​.....
မင့်​နံရိုး ခြံစည်းရိုးလုပ်​ မင့်​အ​သွေးသားနဲ့
ပျိုးခဲ့ သစ်​ပင်​ ရိုက်​ချိုးနှုတ်​ယူသူ
မင်း​တွေ့ခဲ့ရင်​ ငါ့စာသားနားလည်​ပါ​စေ

ပေါ်ပင်​ကျ ဝါကျ​တွေတွက်
ဖျားနာ​နေတဲ့လျှာဖျား​တွေ
စကားလုံး​တွေနဲ့ ခပ်​ခုပ်​ခံရရင်
ငါ့လိုပဲ မင်း​တွေးတတ်​ပါ​စေ

Monday, February 20, 2017

ဝမ်းသားပါတယ်

ဝမ်းသာပါတယ်

ရွက်​​ကြွေ​တွေလား အရမ်းလှတယ်
လေမှာလွင့်​​နေတဲ့ ရွက်​​ကြွေ​တွေနဲ့အတူ
ဖုန်​မှုန့်​​တွေ ငါ့မျက်​နှာထိတာ​တော့
မလိုလားဘူး

စာရွက်​ဖိုင်​​သေး​သေး​လေးရယ်
မအားဘူးလို့ ပါးစပ်​က တဗွတ်​ဗွတ်​ရွတ်​ရင်း
ဘာမှမလုပ်​တဲ့သူရယ်
ငြိမ်​ကုပ်​ထိုင်​​နေတဲ့ ကျွန်​​တော်​ရယ်
စိတ်​ပျက်​စပြုတဲ့ သူတို့ရယ်
ပျော်​စရာမ​ကောင်း​သလို ဟာသလဲဆန်​တယ်

ရေဓာတ်​လို​နေတာ နှုတ်​ခမ်းကသက်​​သေပြတယ်
စားပွဲထက်​က ဒိန်​ချဉ်​ ပြုံးစိစိနဲ့
အိုင်းစတိုင်းရဲ့ ရထားစီးမယ်
အ​တွေး​ဟောင်း​တွေ​တော့ စွန့်​ရမယ်
သူတို့အ​တွေး​တွေ ​မှောင်​မိုက်​တုန်း
လုံးဝ ​မှောင်​မိုက်​တုန်း

အလင်းတန်းရှာမ​တွေ့​သေးဘူး
ဘယ်​မှာလဲ အလင်းတန်း?

အသိကို အသိတရားနဲ့ ဆက်​မယ်
အ​တွေး​တွေကို အ​တွေးနဲ့ဆက်​မယ်
အသက်​​တွေကို အသက်​​တွေနဲ့ဆက်​ရတယ်
တို့လက်​​တွေတွဲပြီး အ​မှောင်​ထုကို ဖြိုခွင်းစို့

မူပြ​တဲ့ မူရယ်​ ပြရယ်​ လှလိုက်​တာ
ဖြူတဲ့စိတ်​ကို အပြုံး​ရောင်​ဆင့်
ဟာသ​လေးနဲ့​တောင်​ ​ဘောင်​ကွပ်​လိုက်​​သေး
ထက်​ပြတဲ့ .... သူတစ်​စု​ကြောင့်
ငါအနက်​ဖွင့်​ရ ​စောက်​ထိုးဖြစ်​​တော့မယ်
အိုး.... အဲ့ ငါးခုံးမ အလင်းတန်းမ​တွေ့ဘူး ​မှောင်​တုန်း

တစ်​​ယောက်​ပုခုံး​ပေါ် တစ်​​ယောက်​နင်း
ဆင့်​ ဆင့်​ပြီး မတွန်းတင်​ချင်​​နေပါ
တွန်းထိုးဖြိုချသူ ဟန့်​တားသူ ခံယူချင်
ဝိုးတဝါးအသိလေးနဲ့ တစ်​စိတ်​ကို တစ်​အိတ်​လို့ ဟန်​ပြ

တစ်​ဦး​ပေါ်တစ်​ဦးထားသင့်​တဲ့
မေတ္တာတရား...
သစ္စာတရား....
မုဒိတာတရား.....
မသိသူကို ဥပက္ခာ​ကျွေးမယ်​ကြံရင်း
ငါလဲ စာတပိုဒ်​ အသိတရားတစ်​ခု တိုး
ငါ့အ​ကြောင်း မဟုတ်​တမ်းတရားနဲ့
မုသားစကား​တွေ ကြားရင်
အလိမ်​အညာ​တွေနဲ့ မတုန့်​ပြန်​မိ​အောင်​ ကြိုးစားရင်း

ရုံးဝန်​ထမ်းခန်းက ​ရေတစ်​ခွက်
အမှိုက်​ပုံးတွင်းလွှတ်​တဲ့ ဒိန်​ချဉ်​ဗူးခွံ
အားလုံးကို​ကျေးဇူးတင်​ဆို
အခြားသူ ဘယ်​နားလည်​မှာလဲ
စကားလုံး​တွေ အလွဲသုံးစားမှု
ခိုး​ကြောင်​ခိုးဝှက်​ စနစ်​မကျတဲ့အကြည့်​နဲ့ကြည့်​မှု
ဝမ်းသာတယ်​ ငါ့ခံစားမှု
ဘယ်​သူမှ နားမလည်​ခဲ့လို့

အစီအစဉ်​မကျတာကို သဘာဝတရားက အစီစဉ်​ကျ​​နေ​စေတယ်
အစီစဉ်​တကျစီစဉ်​ခဲ့​ပေမယ့်​ သဘာဝတရားက အစီအစဉ်​ မကျ​အောင်​ ရိုက်​ချိုး​စေခဲ့တယ်​....

သားရီး ဆီဖိုးတစ်​​ထောင်​​လောက်​​ပေးပါဦး
နွေဦးမှာ ငါ​ဝမ်းသာစရာ ရှာကြည့်​ချင်​လို့

မှတ်​စုထဲကမှတ်​စု (တစ်​)

မှတ်​စုထဲကမှတ်​စု(တစ်​)

ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။

ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကိုငါ ပြောနိုင်တယ်။တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။

ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ်စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ

Saturday, February 18, 2017

သက်​ပြင်း

သက်​ပြင်း

မျှော်​လင့်​ဖူးပါတယ်
ဘာမှ ဖြစ်​မလာတာ​တွေပဲ ကြုံ​နေရ​တော့
ဘယ်​သူ့ကိုမှ အပြစ်​မတင်​တတ်​​တော့ဘူး​လေ....

ငါလား.....
ယုံကြည်​ခဲ့ဖူးပါတယ်
ပြိုလဲ​ကြေကွဲခဲ့ရတာ များ​တော့​ရော
ဘာမှ မတတ်​နိုင်​ဘူး​လေ

စွဲစွဲလမ်းလမ်း ခုံမင်​ တပ်​မက်​ကြည့်​တယ်
အချိန်​​တွေ အများကြီး​တော့ မ​စ​တေးနိုင်​ခဲ့ဘူး
နားလည်​နိုင်​ပါ့မလား

အခွင့်​အ​ရေးဆိုတာ နှစ်​ခါမရဘူးတဲ့
ကြားဖူးပါတယ်
သုံးကြိမ်​​မြောက်​ ငါ​စောင့်​ကြည့်​တယ်

ဟူး...........


ကာရန်​မညှိ၊ ကဗျာမသိ၊ နှလုံးသားက အဆန်​မရှိ

ကာရန်မညှိ၊ ကဗျာ မသိ၊ နှလုံးသားက အဆန်မရှိ

ကာရန် မဖွဲ့သလို၊ ကဗျာလိုလည်း နွဲ့မနေဘူးဗျာ။ ခင်ဗျားတို့ လုပ်ဖူးတာနဲ့ ကျွန်တော် လုပ်ချင်ရာကိုပဲ ပြောရရင်.......

*နှစ်လွှာပေါင်းမှ တစ်ရွက်တဲ့၊* ခင်ဗျား စာအုပ်ကြားထဲ ညှပ်ခဲ့ဖူးလား? နှစ်ကိုယ်ယှဉ်လို့ ဘဝကိုယဉ်ဖို့ သူ့ သဏ္ဍာန်လို ကာရန်တွေများ ညှိခဲ့ချင် ညှိခဲ့ဖူးလိမ့်မယ်။
နားရှင်းပါ့မလားပဲ?
စွယ်တော်ရွက်လေး ဖြစ်ချင်ခဲ့ဖူးလိမ့်မယ် လို့ ပြောတာ....
ကျွန်တော်ရော..........?
ဟင်းချိုတော့ ချက်သောက်ဖူးတယ်ဗျ။ အရမ်းချိုတယ်။ စိမ်းဖန့်ဖန့်အရောင်၊ ချိုမြမြ အရသာနဲ့။ မယုံ စမ်းကြည့်လေ...

*တူနှစ်ကိုယ် ညောင်ညိုရိပ် မှေးစက်လို့အိပ်မယ်။*ဟုတ်စ???
ညောင်ညိုဆိုတော့ ဗုဒ္ဓဘာသာ တစ်ယောက်အတွက်တော့ တရားသဘော ပါသလိုလို.....
ကျွန်တော် ပြောသံကြားတာက ညောင်ရွက်သုပ်က အတော်လေး ကောင်းဆိုပဲဗျ.......

*ပင်လယ်ပြာ သောင်ခြေမှာ ချစ်သူနဲ့ ပုံတွေ ရေးခြစ်ချင်တယ်* ဟုတ်စ??
ခင်ဗျား ပုံတွေ ရေးခြစ်သလို ပုစွန်ကင်တော့ စားချင်သားဗျာ....

ဟော.... ဟိုမှာ.....
လက်ပံပွင့်တွေ
*နွေဦးပေါက်လို့ လက်ပံပွင့်ချိန်မှာ
လေအတိုက် ကြွေလိုက်တာ လေထဲမှာ လွင့်လွင့်ပြီး ဝေ့နေရင် ခင်ဗျား လွမ်းသလိုလို၊ နမ်းသလိုလို* ခံစားဖူးချင် ခံစားဖူးမယ်....
ကျွန်တော် စဉ်းစားမိတာက အပင်အောက်က အပွင့်လေးတွေကောက် ပြုတ်ပြီးများ တို့လိုက်ရရင်တော့ဗျာ......

*တောင်တောရယ်သာ၊ မာလာက ငုံဖူး* မှတ်မိမယ်ထင်တယ်။ ဆရာက ဘာသင်လဲတော့ မမှတ်မိတော့ဘူး။ တွေးမိတာက...
အငုံအဖူး၊ ကြုံတုန်းမှာ အသာချွတ်လို့ ၊ဟင်းလုပ်မည်ကြံ။
တင်းစကား ဆိုချင် ဆိုပ၊ ဆားနယ်ကာ အငုံသုပ်ပြီး ရေနွေးကြမ်းနှင့် ခဲတော့မည်ကွယ်...

*မောင်နှံ နှစ်ဖြာ ခုနစ်ရက်ခြားလို့ ငိုအားတွေပို*သလို ခင်ဗျားတို့ ငိုအားပိုခဲ့ဖူးချင် ပိုခဲ့ဖူး ပေမယ့်
ကျွန်တော်တော့ ခုထိ ကိုယ့်ဝမ်းစာ ကိုယ် ရှာမစားနိုင်ခဲ့ဖူး....

*တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ*လို့ ခင်ဗျားတို့ တဇွတ်ထိုး နိုင်ခဲ့ဖူးချင် နိုင်ခဲ့မယ်.....
ကျွန်တော်ကတော့.....
တူနှစ်ကိုယ် တဲအိုပျက်မှာ မနေရဖို့။
မောင်နှံစုံ ထမင်းဆိုင် အတူတူ ဖွင့်မယ်၊ အိမ်ထဲမှာရောင်း.....။
(အိမ်ထဲမှာပဲ ရောင်းမည်ဖြစ်ကြောင်း...:-P :-P :-P )

ကဲကဲ......

အမျိုးဆွေ သာတကာ အပေါင်းရယ် အိုကွယ် လာခဲ့ပါ ဖိတ်ခေါ်တယ် ၊ အ၀စား မေတ္တာဖိုးငွေ ပေးရမည် ဖြစ်ကြောင်း ...... :-P :-P :-P

ဝန်ခံချက်# စကားလုံးအများကို ဖတ်ဖူးသည်များမှ ယူသုံးထားသည်။

Friday, February 17, 2017

ငါဆိုတဲ့ မာနမရှင်​မသို့

ငါဆိုတဲ့ မာနရှင်​မ​သို့

ခဏတာ ဆုံကြတာကို ဘဝဟာ  ကြာလှပြီထင်
ငါဆိုတဲ့ မာန်​​တွေဝင်​ ဘဝင်​​တွေကခိုက်
စိတ်​ရိုင်း​တွေက ခန္ဓာမှာ စွဲကပ်​လို့
ငါ ဟုတ်​လှပြီ။ ငါ​တော်​လှပြီ။ ငါတတ်​လှပြီ။
ငါ..... ငါ..... ငါ...... ငါ.......

ငါ​သေသွားရင်​......
ငါ မဟုတ်​ဘူး။ ငါ မရှိဘူး။ ဘယ်​မှာလဲ ငါ လို့
ငါ့ကိုယ်​ငါ ပြန်​ရှာမရမှာ  ​ကြောက်​တယ်

ငါ​သေသွားရင်​.. ....
ရုပ်​ခန္ဓာ ပုပ်​ပွလာတဲ့အခါ
လူ​တွေ နှာ​ခေါင်းရှုံ့  ကြတာ မမြင်​ရမှာ​ကြောက်​တယ်

မြေမြှုပ်​​တော့ ပိုး​လောက်​အစာ ငါ့ခန္ဓာ
မီးရှို့​တော့ ငါက ပြာ
ဂူသွင်း​တော့ မသာ​ကောင်​ထက်​မပို
ဒီအ​တွေး​ပျောက်​လို့ အတ္တဝင်​မှာလဲ ​ကြောက်​တယ်

မ​သေခင်​ ခဏတာ​လေးမှာ.......
ငါဆိုတဲ့ မာန တည့်​တံ့ဖို့ ငါဆိုတဲ့အတ္တနဲ့ကြားကန်
လူကို လူလိုမမြင်​မိမှာ​ကြောက်​တယ်
အသက်​ရှိစဉ်​ ဓမ္မမှာမ​ပျော်
ကုသိုလ်​မဲ့လို့ မာန်​စွယ်​မကျခဲ့ရင်
ဧကန်​မုချ အပ္ပါယ်​ကြွရမှာလဲ ငါ​ကြောက်​တယ်

Saturday, February 11, 2017

မဟာယာနနှင့်​ ​ထေရဝါဒ ကွာခြားမှုအ​ကြောင်း

မဟာယာန နှင့် ထေရဝါဒ ကွာခြားမှု အကြောင်း

ခေါင်းစဉ် ဖတ်ရုံနှင့် အင်မတန် စိတ်ဝင်စားဖွယ်ကောင်းမည့် အကြောင်း အရာဖြစ်မှန်း စာဖတ်သူတို့ သိရှိ မည်ဟု ယုံကြည်ပါသည်။

ယင်းသို့ ဗုဒ္ဓဘာသာ မှ ခွဲထွက် လာသော ထို လမ်းနှစ်သွယ် ကို ရေးသား သုံးသပ်ရန် မှာ အင်မတန် ခက်ခဲ လှသည်။ 

အကြောင်းမှာ- တစ်ဖက်စောင်းနင်းဖော်ပြ မိလျှင် မိမိ ဘာသာသာ အမှန်၊ အခြား ဘာသာ မှားယွင်း သည် ဟု မှားမှား ယွင်းယွင်း သိမြင်စေသော အတ္တဝါဒီ သမား ဖြစ်နိုင်ခြင်း၊ ကွဲလွဲမှု များဖော်ပြရာ စာဖတ်သူတို့ အား အမြင် လွဲမှား မှုများဖြစ်ပေါ်စေခဲ့ လျှင် သံဃာသင်းခွဲသည် ဟူသော ကံကြီး တစ်ခုပါ ထိုက်ချေအုံးမည်။

 
သို့ဖြစ်ရာ မှန်ကန်သော အထောက် အထားများ ရရှိစေရန် စာအုပ်များ ဖတ်ရှုလေ့လာ ရပါသည်။ ထို့ကြောင့် စာရေးသူ တင်ပြသော မဟာယာန နှင့် ထေရဝါဒ အယူဖော်ပြချက်များ မှာ ဗုဒ္ဓ အဆုံးအမနှင့် ကျမ်းဂန်လာ များ သာ ဖြစ်ကြောင်း သိစေလိုပါသည်။

 ထေရဝါဒ ကို များများ စားစား တင်ပြနေစရာ မလို စာရေး သူတို့မြန်မာ လူမျိုး အများစု ကိုးကွယ်နေသည့် ဘာသာဖြစ်ရာ သိရှိပြီး ဟု ယုံကြည် သဖြင့် အကျဉ်းချုပ် အဓိပ္ပါယ် ကိုသာဖော်ပြလို ပါသည်။ ထို့နောက် မဟာယာန ကို အကျယ်တစ်ဝင့်ဖော်ပြပါမည်။

 ထေရဝါဒ ဟူသည် ထေရ နှင့် ဝါဒ ပေါင်းစပ် ထားသော မြင့်မြတ်သည့် အယူ (သို့) ရဟန်း မထေရ်တို့၏ ဝါဒ (အယူ) ဟုဖြစ်သည်။

 ထေရဝါဒ အယူအရ ခန္ဓာ၏ ဖြစ်ပျက်ကို ရှုပြီး သစ္စာလေးပါး သိမြင်ကာ မဂ်ဖိုလ်နိဗ္ဗာန် သို့ ဆိုက်ရောက်စေသော အယူဖြစ်ပါသည်။ (ဒီထက် ပိုမို ကျယ်ပြန့်စွာ လည်း ဖော်ပြနိုင် ပါသည်။) ဤသည် အများက သိမြင်ထားသော အကျဉ်းချုပ် အဓိပ္ပါယ်ဖြစ်သည်။ သာဝက လမ်းစဉ်ဖြစ်ပြီး သောတပန်၊ သကဒါဂန်၊ အနာဂန်၊ ရဟန္တာ စသည့် အရိယာ အဆင့်ဆင့်ဖြင့် လောကီ မှ နိဗ္ဗာန်သို့ ကျွတ်တမ်း ဝင်စေ သော လမ်းစဉ်ဖြစ်သည်။

မဟာယန ဟူသည်ကား ဗောဓိသတ္တယာန ခေါ် ဘုရားအလောင်း လမ်းစဉ် ကို ဦးစားပေးသော ဗုဒ္ဓဘာသာ ဂိုဏ်းဖြစ်သည်။ မဟာ (ကြီးကျယ်မြင့်မြတ်သော) ယာန (ဝါဒ)(လမ်းစဉ်) ဟုခေါ်ဆိုရသည့် အကြောင်းနှစ် ချက် ရှိသည်။ 

၁။ သတ္တဝါ အများကို ကယ်တင်နိုင် သဖြင့် ကြီးကျယ် များပြားသော အနက်၊ 

၂။ သမာရိုးကျ ဗုဒ္ဓဘာသာ (ထေရဝါဒနှင့် ဟိနယာန) တို့ထက် သာလွန်မြင့်မြတ်သည့် ရည်မှန်းချက် ရှိသော အနက်… ထို အနက်နှစ်ခုကြောင့် မဟာ ဟုခေါ်ဆိုခြင်းဖြစ်သည်။

သဒ္ဓရ်မပုဏ္ဍရိက ကျမ်းတွင် မဟာယနဝါဒ ကို အလွယ် နည်းဖြင့် သိရန် ပုံပြင်ဖြင့် အဓိပ္ပါယ် ဖွင့်ဆို ထား သည်။ 

အိမ်ကြီး တစ်အိမ်တွင် ကလေးငယ်များ ကစားနေစဉ် ထိုအိမ်ကြီး မီးလောင်သည် ဆိုပါစို့။ ကလေးငယ် များက ဘာမျှ လုပ် တတ်ကြလိမ့်မည် မဟုတ်။ ထိုအခါ အားကောင်းမောင်းသန် ဖခင်ဖြစ်သူက ကလေးငယ် များနှင့် တကွ ကစားစရာများ ကိုပါ ယာဉ်ရထားကြီးပေါ် တင်ပြီး မီးဘေး လွတ်ကင်းရာ သို့ထွက်ခဲ့သည်။ 

ထိုပုံပြင်၌ မီးလောင်နေသော အိမ်ကြီး ကို ဒေါသမီး၊လောဘမီး၊ မောဟမီး ဟုန်းဟုန်းတောက်လောင်မြိုက်နေသော ဤ ကမ္ဘာလောကကြီး၊ ကလေးငယ် များကို ပုထုဇဉ် လူသားများ၊ ကယ်တင်သူ ဖခင် ကို ဘုရားလောင်း၊ ကယ်တင်ရာ ယာဉ် ကို ဘုရားအလောင်း ကျင့်စဉ် (ဗောဓိသတ္တယန) စသည့် ဥပမာ များဖြင့် ဖော်ပြထားလေသည်။
 

ကလေးငယ် များ ကစားနေသော ကစားစရာ ယာဉ်များတွင် လူ တစ်ကယ်စီးနိုင်လောက် သော လှည်းရုပ် များလည်း ရှိမည်ဖြစ်သော်လည်း ထိုလှည်း ကလေးများသည် တစ်ကယ့် အရေးအကြောင်း ရှိလာပါ မူကား အကူ အညီ ရနိုင်လိမ့်မည် မဟုတ်ကြောင်း ရှင်းပြထားသည်။

ထို့ကြောင့် မဟာယန အယူ အရ တစ်ဦး တစ်ယောက်တည်း နိဗ္ဗာန် သို့ရောက် ရန် ကျင့်ခြင်းသည် မမြင့်မြတ် ၊ မိမိ ကိုယ်တိုင် ဘုရားဖြစ် မှသာ လောက ကို ကယ်တင်နိုင်ပြီး အားလုံး ကျွတ်အောင်ပြုနို င် အပ်ပေသည် ဟု ယုံကြည်ကြသည်။

နိဗ္ဗာန်သို့ရောက်ရန် ကျင့်စဉ် သုံးနည်း (ဝါဒ ၃ ဝါဒ) ရှိသည်။

၁။ သာဝကယာန ( သာဝက ရဟန်း ဘဝဖြင့် နိဗ္ဗာန် ဝင်ခြင်း)
၂။ မစ္စေကဗုဒ္ဓယာန (ပစ္စေက ဗုဒ္ဓဘဝဖြင့် နိဗ္ဗာန် ဝင်ခြင်း)
၃။ ဗောဓိယာန (ဘုရား အဖြစ်မှ နိဗ္ဗာန် ဝင်ခြင်း) (ယင်းလမ်းစဉ် ကို နောက်ပိုင်း ဘုရားလောင်း ကျင့်စဉ် (သမ္မာသမ္ဗောဓိ) ဟုလည်းခေါ်သည်။) စသည်တို့ဖြစ်သည်။

ဘုရားရှင် ပရိနိဗ္ဗာန် စံတော် မူပြီး နှစ် ၁၀၀ ခန့် တွင် ပထမ သံဃာ ယနာတင်ပြီးနောက်ပိုင်း ဟိနယာန ဂိုဏ်းတစ်ခု ထေရဝါဒ မှ ခွဲထွက်လာသည်။ 

ဒုတိယ သံဃာယနာ ကာလတွင်း ဝိနည်း ဆယ်ပါး တီထွင်ပြဋ္ဌာန်း မှုကြောင့် မူလထေရဝါဒ ဂိုဏ်း ရဟန္တာ မထေရ်ကြီး တို့က မိမိတို့ အား သံဃာ ကံထားပြီး သာသနာတော် သန့်စင်ခဲ့သည် ကို အငြိုး ထားကာ ရဟန္တာ ဆိုသည်မှာ ကိလေသာ မကုန်သေး။ သံယောဇဉ် မကုန်သေး။ ထို့ကြောင့် ဘက်လိုက် မှုပြုတတ်သေးသည်။ အမှားကို လည်းပြုတတ်သေးသည်။ 

ထို့ကြောင့် အရိယာ ဂုဏ်ယုတ်လျော့ အောင်ပြောဆိုဝေဖန်ပြီးလျှင် မိမိ တို့သည် ထို ပထမ သံဂါယနာတင် ရဟန္တာ အိုကြီး များ၏ သာဝက လမ်းစဉ် ကို မလိုက်လိုကြောင်း ထုတ်ဖော်ကြေညာ ခဲ့သည်။

ထို့ကြောင့် အစဦး ပိုင်းတွင် ဟိနယာန ဂိုဏ်းဝင် တို့သည် ပစ္စေက ဗုဒ္ဓလမ်းစဉ် ကို ကျင့်ကြံ အားထုတ် ရာ နောက် ပိုင်း ၄င်းထက် ပိုမြင့်မြတ်သော ဘုရားလမ်းစဉ် (ဝါ) ဘုရားလောင်း လမ်းစဉ် (သမ္မာသမ္ဗောဓိ) သဖြင့် မဟာယန အဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ထို့ကြောင့် ဟိနယာန ဂိုဏ်းပျောက်ကွယ် ခဲ့သည်။

ဤတွင် စိတ်ဝင်စားဖွယ် တစ်ချက် ဝင်လာသည်။ မြတ်စွာဘုရားရှင် သည် လူ့ပြည်၌ သာဝက လမ်းစဉ်ကို သာဟောကြား ခဲ့သည်။ အတိအကျ ဆိုရသော် ဓမ္မက္ခန္ဓာ(တရားအစု) အားဖြင့် ၈၄၀၀၀ သာဖြစ်သည်။ 

ထို့ကြောင့် မဟာယန လက်စွဲ ကျင့်ကြံသော သမ္မာသမ္ဗောဓိ လမ်းစဉ်ကို မည်သို့ ရရှိ သနည်းဖြစ်သည်။
မဟာယန ကျမ်းဂန် အရ မြတ်စွာဘုရား သည် သမ္မာသမ္ဗောဓိ (ဘုရားအလောင်း) လမ်းစဉ် ကို နဂါးပြည် တွင် ဟောခဲ့သည်။

 အေဒီ ၁၀၀-၂၀၀ တွင် နာဂါရ်ဇုန ရဟန္တာ သည် လောကီ ပညာရပ်တွင် သိဒ္ဓိပေါက်ပြီး နဂါးပြည် သို့ တက်ရောက်ကာ ဗောဓိ သတ္တ လမ်းစဉ်နှင့် သုညသဝါဒ ကို သင်ယူခဲ့သည်။ ထို့ကြောင့် သင်ယူ ထားသော ဝါဒ ကို ပြန်လည်ပြန့်ပွားစေရာ မာဓျမိက ဝါဒ ဟုသာ အမည်တွင်သည်။

 အေဒီ(၂၇၀-၃၅၀) တွင် ယောဂ စာရ ဂိုဏ်း အယူဝါဒ တည်ထွင်သူ မေတ္တေယျနာထ မှ မာဓျမိက ဝါဒကို ဆက်လက် ထိန်းသိမ်းပြန့်ပွား ခဲ့သည်။ ယခု အခါ ယင်း မေတ္တေယျ သည် သုတိသာ နတ်ပြည်တွင် စံမြန်းနေသော နောင်ပွင့်မည့် မေတ္တေယျ ဘုရားဟု မဟာယန တို့မှ ယုံကြည်ထားကြသည်။

 မာဓျမိကဝါဒ သည် အလယ် အလတ်ဖြစ်သော ပစ္စေက ဗုဒ္ဓါယာန အယူကို လက်ခံသဖြင့် ထိုထက် ပိုမြင့်မြတ်သော သမ္မာသမ္ဗောဓိ အယူ သို့ကူးပြောင်းရာ မဟာယာန ပီပြင်လာခဲ့သည်။

မဟာယာန တွင် ဒသဘူမိက ဆယ်ဆင့် တရား၊ ဗောဓိသတ္တ ၏ အဓိဋ္ဌာန်၊ ပါရမီခြောက်ပါး ကျင့်စဉ်တရား စသည်ဖြင့် စသည်ဖြင့် ခိုင်မာသော တရား အုတ်မြစ်များ ရှိနေရာ ယနေ့တိုင် တည်မြဲရသော အကြောင်း အရင်းတစ်ရပ်ဖြစ်ပေသည်။

ဥပမာ- အတ္တနှင့် အနတ္တ အစွန်းနှစ်ဖက် ၏ အလယ်ဗဟို ကျင့်စဉ်၊ အစွန်း တရား ပယ်နည်း၊ ပတ်လည်ငြင်း ပယ် နည်း ၈မျိုး၊ (Negation of Negation) နောက်ဆုံး တွင် အစွဲ အားလုံး ကင်းသော နိဗ္ဗာန် အစစ် (သုညတာ) သို့ သိမြင်ရသည်ဟု ဆိုထား၏။

သို့သော် မဟာယန တွင် အများဝေဖန် စရာ အချက်များ ရှိနေသေးသည်။ ၄င်းမှာ ဘုရားလောင်း ကိုးကွယ်ခြင်းဖြစ်သည်။ မဟာယန ၏ အယူ မှာ မြတ်စွာဘုရား သည် ဘုရားဖြစ်တော် မူပြီး လူ့ပြည်သို့ ဆင်းပြီး တရား မဟောခဲ့ ပုံရိပ်၊ ကာယအတု တို့ဖြင့်သာဖြစ်ပြီး ဘုရားလောင်း များကို တစ်ဆင့် ပါးပြီးလည်း ဟောတော် မူကြောင်းယုံကြည်ကြသည်။ 

ထိုသို့ ယုံကြည်ခြင်း သည်လည်း အကြောင်းမဲ့ မဟုတ်။ ဗုဒ္ဓ ကို ကာယ သုံးပါးဖြင့် ခွဲပြထားပြီး ထိုကာယ တို့အား လူတို့ မဖူးတွေ့ ရပုံ တို့ပါ တိတိကျကျ ညွန်းဆိုထားကြသည်။

ထို့ကြောင့် အရေးအကြောင်း တစ်ခုခု ၇ှိလျှင် မြတ်စွာဘုရားမှ မကယ်။ ဘုရားလောင်း များသာ လာရောက် ကယ်တင်ကြသည် ဟု ယုံကြည်သည်။ ဘုရားလောင်းများ သည် နတ်သား၊ နတ်သမီး အဖြစ်လည်းကောင်း ဘဝ အမျိုးမျိုးဖြစ်သည် ဟု ယုံကြည်ကြသည်။ 

လက်ရှိ တရုတ်တို့ ကိုးကွယ်နေသာ ကွမ်ယင် မယ်တော်မှာ ဘုရားလောင်းဖြစ်သည် ဟုယုံကြည်ကြသည်။ မဟာယန တို့သည် အရိမေတ္တေယျ မပွင့်မီ ကာလ ကြား ကာလမှ ဘုရားလောင်း များ ကို ဘေးဒုက္ခများမှ လွတ်မြောက်ရန် ကယ်တင်ပေးစေလိုခြင်း ငှာ ကိုးကွယ် ဆည်းကပ်ကြလေသည်။

ထိုသို့ ဘုရားလောင်း ကိုးကွယ်ခြင်းသည် မဟာယန တွင် အင်မတန်ခေတ်စားပြီး အိန္ဒိယ မှ ဗြိဿ     နိုး ကိုပင် အမည်ပြောင်းလဲခေါ်ဆို ကာ ဘုရား အလောင်းတော် အဖြစ်ကိုးကွယ်သည်။

 ခေတ်အဆက်ဆက် ပြောင်းလဲ လာပြီး ဘုရား အလောင်းတော် ကို ကိုးကွယ်ရာတွင် ဘုရား အလောင်းတော် ၏ မိဘုရား နတ်သမီး ကိုပါ ကိုးကွယ်ခြင်း အထိ ဖြစ်လာသည်။ ယင်း ကိုးကွယ်မှု သည် မြန်မာ သို့ ပုဂံခေတ် ကတည်းက စီးဝင်ပြီး ဂေါတမမြတ်စွာ ဘုရားအား ထု လုပ်ရာ ဘေးတွင် နတ်သားနှင့် နတ်သမီး ပါနေသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ 

ထို့မှ ကာမဂုဏ်မွေ့လျော်မှု ကို ဦးစားပေး လာကြရာ အယုတ်အညံ့ ဆုံး လောကီ ရှုပ်ထွေးပွေလီမှု များ ပါဝင် ဆက်စပ် လာတော့သည်။ ဘုရားအလောင်း များစွာ ကို နတ်ဘုရားမ များဖြင့် စုံတွဲလိုက် ကိုးကွယ် တတ်အောင် ဘေး မှနေပြီး သွန်သင်ပေးသူတို့ မှာ ဟိန္ဒူ  တန္တြ ဆရာများ ပင်ဖြစ်သည်။

အမှန်လျှင် ဗုဒ္ဓ အယူဝါဒ အရ ဘုရားလောင်း ဟူသည် ဘုရား မဖြစ်သေး။ ကိလေသာ မကုန်စင်သေး။ ထို့ကြောင့် ကိုးကွယ်ရန် မသင့်မြတ် ဟု ယူဆ ထားကြသည်။ ဤတွင် လည်း ထေရဝါဒနှင့် မဟာယန ကွဲလွဲချက်ကို လည်း တွေ့နိုင်သည်။

မဟာယန ယုံကြည်ကိုးကွယ်မှု ကို နတ်ဘုရား ကိုးကွယ်မှုဖြင့် အဆုံးသတ် ထားခြင်းကြောင့် အထင် အမြင် မသေးသင့်ပေ။ မဟာယန တွင်လည်း အခြား ငြင်း မရသော မှန်ကန်သည့် အချက်များ လည်းရှိနေသည်။ ကျင့်စဉ် အားဖြင့် ကွဲလွဲမှုများ ရှိသော်လည်း ကိလေသာ ကုန်စင်ရန် ရည်မှန်းချက် တူညီကြသည်။ 

အခြားခြားသော တူညီမှု များလည်းရှိနေသည်။ သို့ရာတွင် အနောက်တို င်းနိုင်ငံသားများ သည် ဗုဒ္ဓဘာသာ ကိုလေ့လာ ဆမ်းစစ်ပြီး မဟာယန သို့ ကူးပြောင်း သူများ ရှိသကဲ့သို့ ထေရဝါဒ သို့ ကူးပြောင်း သူများ လည်း ရှိနေသည်ကိုတွေ့သည်။ 

စာဖတ်သူုတို့ အနေဖြင့် မိမိတို့ ကိုးကွယ်သော ထေရဝါဒ ၏ အနှစ် အရသာနှင့် သစ္စာလေးပါး ကို ပိုင်းခြား သိမြင်ပြီး မဂ္ဂင် ရှစ်ပါး တရား အားဖြင့် ပွားများ ကျင့်ကြံကာ နိဗ္ဗာန်လမ်း သို့လျှောက်လှမ်းနိုင်ကြပါစေ။

စာရေးဆရာ ဦးအောင်မြတ်မွန် ရေးသားသော 'နောင်ပွင့်မည့် အရိမေတိယျ ဘုရား' စာအုပ်မှ ကောက်နုတ် ၍ ရေးသား ပူဇော် အပ် ပါသည်။

အောင်ခမ်း (ရိုးရာလေး)