ဆရာနဲ့ကျောင်းသား ( ဘ၀အတွက်လိုအပ်တဲ့ ဆက်ဆံရေးအတွေး ဒသန) (၁)
ဆရာက ကျောင်းသားနှစ်ယောက်ကို မေးခွန်းမေးပါတယ်။ အင်မတန်အဆင့်မြင့်ပြီးအတော်စဉ်းစားယူရတဲ့ သင်္ချာဥာဏ်စမ်းတွေပါ။
ပထမကျောင်းသားက မေးခွန်းခက်တာကို မြင်ပြီး ဒီလိုစဉ်းစားပါတယ်၊
“ဆရာက ငါမဖြေနိုင်မယ့် မေးခွန်းတွေကို တမင်သက်သက်မေးတာပဲ၊ဟိုတစ်ခါတုန်းက သူလာတာကို ထနှုတ်မဆက်ပဲ နေမိတာကို မကျေနပ်လို.ဖြစ်မယ်”…. သူဒီလို စတွေးတာနဲ.တင် မေးခွန်းတွေကို ကောင်းကောင်းမဖြေနိုင်တော့ပါဘူး…
နောက်တစ်ယောက်ကတော့ ဒီလိုမြင်ပါတယ်
“ဆရာ့မေးခွန်းတွေက အတော်အဆင့်မြင့်တယ်၊ ငါတို.အဆင့်နဲ.ဖြေလို.ရတဲ့မေးခွန်းတွေ ဖြစ်လောက်ပါတယ်၊ ကြိုးစားဖြေကြည်.ဦးမှပဲ” … သူကတော့မေးခွန်းအတော်များများကို ဆရာ ကျေနပ်လောက်တဲ့ အထိဖြေဆိုနိုင်ခဲ့ပါတယ်….
ဒီအဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် Perception လို.ခေါ်တဲ့ အထင်အမြင်ယူဆချက်တစ်ခုဟာ အစစအရာရာ အဆင်ပြေချောမွေ.စေဖို.အတွက် ဘယ်အတိုင်းအတာထိအရေးပါ အရာရောက်တယ်ဆိုတာ တွေ.မြင်နိုင်ပါတယ်၊ အခြားသူတစ်ယောက်ရဲ့စိတ်ထဲမှာ ဘယ်လိုပဲရှိရှိ၊ ဘာရည်ရွယ်ချက်နဲ.ပဲ မေးမေး “ဒုတိယ ကျောင်းသား”လိုပဲ ရိုးရိုးတွေးပြီး အကောင်းဆုံး အဖြေပေးသင့်ပါတယ် ....
No comments:
Post a Comment