ဆရာနဲ့ကျောင်းသား(ဘဝအတွက် လိုအပ်တဲ့ ဆက်ဆံရေး အတွေး ဒဿန) (၂)
ဆရာက ကျောင်းသားတစ်ယောက်ကို စားပွဲရှေ.မှာ ထိုင်ခိုင်းပြီး “က”တစ်လုံးရေးပြပါလို့ ခိုင်းပါတယ်။ ကျောင်းသားကရေးပြီး
ဆရာ့ရှေ.ကိုထိုးပေးလိုက်ပါတယ်…. ဆရာက သူ့အဖြေကို လက်မခံခဲ့ပါဘူး။
ဆရာ့ဘက်က ကြည့်တော့ အဖြေက “ယ”ဖြစ်နေတာကိုး…
နောက်ကျောင်းသားတစ်ယောက်ကို ဆရာက ခေါ်ခိုင်းပါတယ်…ကျောင်းသားကရေးပြီး“စာရွက်ကို ဆရာ့ဘက်
တစ်ပတ်လှည့်ပြီး ပြလိုက်ပါတယ်… ဆရာက သူ.အဖြေကိုသဘောကျ လက်ခံခဲ့ပါတယ်….
ဒီအဖြစ်ပျက်လေးမှာ “ကိစ္စရပ်တိုင်းမှာAngle Of Vision လို.ခေါ်တဲ့ရှုထောင့် အမျိုးမျိုး ရှိနိုင်တယ်ဆိုတာပါပဲ”…ကျောင်းသားနှစ်ယောက်လုံးရဲ့ အဖြေဟာ အမှန်တွေချည်းပါပဲ…ဒါပေမဲ့ပထမကျောင်းသားဟာ သူ.ဘက်အမြင်အတိုင်း ဆရာ့ကိုပြတာကိုး… ဒီနေရာမှာသတိထားရမှာက ဒုတိယကျောင်းသားဟာ ဆရာ့ဘက်က “က” လို.မြင်ရအောင် သူက “ယ”လို. အမှားကြီးရေးလိုက်တာ မဟုတ်ပါဘူး…သူလည်း အမှန်ပဲရေးလိုက်ပြီးဆရာ့ဘက်ကလည်း အမှန်ပဲမြင်နိုင်အောင် နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်အခြေအနေတစ်ခုကို ဖန်တီးလိုက်တာပါ…
အချို.သော ကိစ္စရပ်တွေမှာသူ့ ဘက်ကလည်း ဘယ်လိုများမြင်နိုင်မလည်းလို့
စဉ်းစားတွေခေါ်ချင့်ချိန်ပြီး သူ့ရဲ့ရှုထောင့်ကနေ မြင်ပြ၊ တွေးပြ၊ဆွေးနွေးပြဖို. လိုပါလိမ့်မယ်….
အဲဒါမှလည်းကိုယ်မှန်တယ်ဆိုတာကိုသူနားလည် လက်ခံနိုင်လာမှာပါ… အဲဒီလိုမဟုတ်ပဲ ကိုယ်မှန်တယ်ဆိုတာကိုကိုယ့်ဘက်က အမြင်တစ်ခုတည်းနဲ့ ကြည့်ပြီးဇွတ်အတင်းငြင်းခုံနေမယ်ဆိုရင်တော့
လိုလားအပ်တဲ့
အခြေအနေတစ်ခုကိုဘယ်တော့မှ ရောက်တော့မှာ မဟုတ်ပါဘူး…
No comments:
Post a Comment