ရှူး............
တိတ်တိတ်လေး နားထောင်ကြည့်လိုက်......
တိုးတိုးလေး ပြောနေကြတယ်....
ကမ္ဘာမှာ အနိမ့်ဆုံးလို့ သတ်မှတ်ခံရတဲ့ ပင်လယ်ပြာက လောကအတွက် သူ့အကျိုးပြုမှုတွေ မေ့လျော့ပြီး ဟိုး.... တောင်တန်းမြင့်မြင့် ကြီးကြည့်လျက် `ငါ တောင်တန်းကြီး ဖြစ်လိုက် ချင်တယ်တဲ့´.....
ကမ္ဘာမှာ အမြင့်ဆုံးလို့ သတ်မှတ်ခံရတဲ့ တောင်တန်းကြီးက တိုးတိုးလေး ညည်းတွား နေတယ်.......
` ငါ.. ပင်လယ်ပြာ လို အနိမ့်ဆုံးလို့ ပြိုင်မယ့်လူမရှိ တည်ငြိမ်လွန်းတဲ့ ပင်လယ်ကြီး ဖြစ်ချင်လိုက်တာ´တဲ့....
လောကအတွက် သူ့ရဲ့အကျိုးပြုမှုကို မေ့လျော့လို့ .......
လူတချို့ကလဲ ကိုယ့်ရဲ့ လောကကို အကျိုးမှုကို မေ့လျော့ပြီး တပါးသူကို အားကျ ဖြစ်ချင်လိုက်တာလို့ ညည်းညူလို့.....
နားစွန့်ကြည့်စမ်းပါ......
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တိုးတိုးလေး ညည်းညူနေသူတွေရှိတယ်။
ပြောပြလိုက်စမ်းပါ.......
သူတို့တွေမေ့လျော့နေတဲ့ သူတို့ရဲ့ လောကအတွက် အကျိုးပြုမှုတွေကို......
မိုးမြင့်ဦး
No comments:
Post a Comment