Friday, December 9, 2016

အလှဆိုတာ......

အလှဆိုတာဘာလဲ? တိကျတဲ့ အဓိပ္ပါယ်​ဖွင့်​ဆိုချက်​ ​ပေးနိုင်​မယ်​မထင်​ဘူး စိတ်​အမျိုးမျိုး​လေ.... စာ​ရေးဆရာကြီး နန္ဒာသိန်းဇံက ဒီလိုဆိုတယ်​ဗျ..... ဥပမာ...အမျိုးသမီးတစ်​ဦးရဲ့ မျက်​​တောင်​ဟာ ရှည်​ပြီး​ကော့​နေရင်​ အဲဒီမျက်​​တောင်​​ကော့​ကော့​လေးကို လှတယ်​လို့မြင်​တယ်​။ ဘာလို့လှသလဲဆိုရင်​ မျက်​​တောင်​တိုတိုထက်​ ရှည်​ရှည်​​ကော့​ကော့​လေးက မျက်​စိကို ဖုံ၊အမှိုက်​တို့ အန္တရာယ်​ကကွာကွယ်​​ပေးနိုင်​စွမ်းရှိလို့တဲ့။ ဒီလိုကာကွယ်​မှု ​ပေးစွမ်းနိုင်​တာ၊ မျက်​လုံးကိုအကျိုးပြုနိုင်​မှု စွမ်းရည်​ရှိတာကပဲ `အလှ´တဲ့..... မိန်းခ​လေးကိုယ်​ခန္ဓာမှာ ဖုံးလွှမ်းထားတဲ့ အဆီပြင်​တစ်​မျိုးရှိ​နေလို့ သူတို့ရဲ့ အသားအ​ရေစို​ပြေနူးညံ့ ​ပျော့​ပျောင်း​နေတယ်​။ ဒီအစာ​ရေစာဟာ အစားအစာပြတ်​လပ်​တဲ့အခါ မိမိကိုယ်​ထဲမှာ ကိုယ်​ဝန်​​ဆောင်​ထားတဲ့ သားသမီးအတွက်​ အသက်​ဆက်​ရှသ်​​နေနိုင်​​အောင်​ ဖန်းတီး​ပေးနိုင်​စွမ်းရှိတယ်​တဲ့။ ဒီလိုအကျိုးပြုနိုင်​စွမ်းတဲ့ အစွမ်းရှိလို့ အမျိုးသမီး​တွေရဲ့ အသားအ​ရေစို​ပြေနူးညံ့​ပျော့​ပျောင်းလန်းဆန်းခြင်းကို `လှတယ်​´လို့မြင်​လာတာတဲ့။ အမျိုးသမီးရဲ့ ရင်​သားပြည့်​ဝဖွံ့ဖြိုးခြင်းဟာ သားသမီးငယ်​ အသက်​ရှင်​ဖို့အတွက်​ နို့ချိုတိုက်​​ကျွေးနိုင်​ခြင်းဆိုတဲ့ အကျိုးပြုမှုရှိတယ်​။ အမျိုးသမီးတစ်​ဦးရဲ့တင်​ပါး အချိုးတကျ ဖွံ့ဖြိုးကျယ်​ပြန့်​ခြင်းဟာ သားသမီးအတွက်​ ​ကောင်းစွာကိုယ်​ဝန်​​ဆောင်​နိုင်​ခြင်းဆိုတဲ့ အကျိုးတရားရှိတယ်​။ အကျိုးပြုနိုင်​တယ်​။ ဒီလိုအကျိုးနိုင်​စွမ်းရှိလို့ `လှတယ်​´လို့မြင်​လာတာတဲ့။ ဒါ​ကြောင့်​ အလှဆိုတာ အကျိုးတစ်​စုံတစ်​ရာ ပြုနိုင်​စွမ်းခြင်း သို့မဟုတ်​ အလှဆိုသည်​မှာ အသုံးဝင်​ခြင်းဖြစ်​တယ်​လို့ ဖွင့်​ဆိုကြတာဖြစ်​မယ်​။

                 မိုးမြင့်ဦး

No comments:

Post a Comment