လူတွေထဲကလူ
ပန်းတော့ပန်းပဲ ငုဝါနဲ့ ပိတောက်တဲ့
တန်းခူးမှာ ထူးပွင့်တာ တူသလို
ဝါဆင်း ချင်းကလဲ တူတယ်....
တန်ခူး အတာမှာ ဘာပန်းသိလဲဆို ပိတောက်ပန်း လို့ အဖြေများပြီး.....
အချိန်ရော အဆင်းပါ တူပေမယ့် ငုဝါက အမေ့ခံလို့ သုံးမယ့် ဆံကေ ဦးခေါင်းတွေ ပြတ်ခဲ့သလို သုံးတဲ့ခေါင်းက မရှိသုံးလေးပါတဲ့.....
လူတွေထဲလူပါပဲ......
လူတွေထဲက ထိုထိုသောလူ .........
အဲ့ ထိုထိုသောလူ ဆရာဆိုသော လူ.....
တက္ကသိုလ် ဝင်တန်းအောင်လို့ အချိန်တွေ ပေးဆပ်ခဲ့ရတာ ချင်း တူသလို........
လူ့လောက အကျိုးပြု တာချင်း တူပေမယ့် ဝင်ငွေ ထောတဲ့ ဟိုလူလို မဟုတ်တဲ့......
ဆရာချင်းတော့ တူပါရဲ့.......
အဆင့်မြင့် ပညာရေး လောကသား မဟုတ်ဘဲ အခြေခံ ပညာရေး လောက သားမို့ နှစ်ပဲ တစ်ပြား လစာနဲ့ ဇိမ်ခံပစ္စည်း သုံးဖို့ မသေချာ သလို
ဆရာတွေ ပြောတဲ့ စေတနာတွေ ပီတိတွေက ထမင်း ဖြစ်မလာဘူးတဲ့......
ပန်းပွင့်စေသူတွေပါပဲ........
ဥယျာဉ်မှူးတွေပေါ့........
လမ်း၊ တံတား၊ တိုက်တာ နဲ့ အဆောက်အဦးတွေ ဆောက်ဖို့ ခန့်ခွဲ ပေးသူတွေလို မဟုတ်ဘူးတဲ့လား.....
လူတွေအသက်ကို ကယ်တင်နေတဲ့ သူတို့လို ရပေါက်မရှိလို့ ချမ်းသာ နိုင်တဲ့ လူမျိုး မဟုတ်ဘူးတဲ့လား.. .....
မွေးထုတ် ပေးတယ်ပဲ ထားဦး.......
ထုတ်ကုန်တိုင်းက ငွေရနေတဲ့ ဟိုး.....က လူချမ်းသာလို မဟုတ်ဘူးတဲ့လား.. ......
ပန်းတွေ .............. ပန်းတွေ .........
လောကကို အလှဆင်ကြတာ ချင်းတူတယ်။ ရနံ့ တစ်ခုစီ မွှေးပျံ့တာချင်းတူတယ်။ ပေါက်ရောက်ရာ နေရာချင်း ကွာခြားသွားတယ်။ သုံးသူတွေရဲ့ အလေးထားမှု ကွာခြားတယ် ထင်ပါရဲ့ကွာ.......
ပန်းပျိုးတဲ့ ဥယျာဉ်မှူး ချင်း တူတယ်။
ခံယူချက်ချင်းတော့ ကွာခြားနိုင်တယ်လေ.....
ငွေရဖို့ ပြုစုပျိုးထောင် တဲ့ ဥယျာဉ်မှူး....
အလှကြည့်ဖို့ ပြုစုပျိုးထောင် တဲ့ ဥယျာဉ်မှူး......
လိုချင်သူတွေ ဆင်မြန်းလို့ ကြည်နူးရင် ကျေနပ်တတ်သူမို့ ပြုစုပျိုးထောင် တဲ့ ဥယျာဉ်မှူး.. .....
လောက အလှဆင်တဲ့ ပန်းတွေထဲက ပန်းပါပဲကွာ
ပိတောက်ပဲ ဖြစ်ဖြစ် ငုပဲ ဖြစ်ဖြစ်
ခံယူချက်လေး ညှိ.......
တစ်ဘက်စောင်းနင်း မဟုတ်ဘဲ နှစ်ဖက် ကြည့်ပေးပါ.....
အသည်းနှလုံး တစ်စုံစီနှင့် စိတ် (နာမ်)၊ ရုပ် နဲ့ ဖွဲ့စည်းထားတဲ့ လူတွေထဲက လူ ဆိုပေမယ့်.........
မိုးမြင့်ဦး
No comments:
Post a Comment