Saturday, December 17, 2016

ငွေရှိရင်

ငွေရှိရင်.......

ငွေရှိရင် လောကမှာ အရာရာ ပြည့်စုံပြီတဲ့.......

မှန်လိုက်တာ..... အဲ့အရသာကို
ဝင်ငွေမရှိတဲ့ ကျွန်တော် သိတာပေါ့....

သို့သော် ... ကျွန်တော်ထပ် သိတာက....

❦ Food အစားအသောက်တွေ ခင်များမှာ ပိုက်ဆံရှိနေရင် အလျှံအပယ် ဝယ်ယူလို့ ရနိုင်လိမ့်မယ်။
➳ Appetite လို့ခေါ်တဲ့ စားချင်စိတ်ကို ဝယ်ယူလို့ မရနိုင်ဘူး။

❦ Servant ဆိုတဲ့ အခြွေအရံတွေလား ခင်ဗျားမှာ ပိုက်ဆံသာရှိစမ်းပါ.. လိုချင်သလောက် ဝယ်ယူလို့ ရနိုင်​တယ်​ ။ ဒါပေမယ့် ဗျာ.....
➳ Faithfulness ဆိုတဲ့ သစ္စာရှိမှုကို ဝယ်လို့မရပြန်ဘူး။

❦ Bed ဆိုတဲ့ အိပ်ယာ အကောင်းစားတွေလား ခင်ဗျားမှာ ပိုက်ဆံသာ ရှိပလေ့စေ... ကြိုက်တာကို ဝယ်ယူလို့ ရတယ်။ ဒါပေမယ့်ဗျာ......
➳ Sleep လို့ခေါ်တဲ့ ချိုမြိန်သာယာတဲ့ အိပ်စက်ခြင်းကျတော့ ငွေပေးဝယ်လို့မရနိုင်ပြန်ဘူး။

❦ Glitter ဆိုတဲ့ တောက်ပ အဖိုးတန် ပစ္စည်းတွေလား ခင်ဗျားမှာ ပိုက်ဆံသာ ရှိစမ်းပါစေ....လိုချင်သလောက် ဝယ်ယူလို့ ရနိုင်​တယ်​ ။ ဒါပေမယ့်ဗျာ.. .
➳ Beauty ခေါ်တဲ့ လှပတင့်တယ်မှုကျ ငွေပေးဝယ်လို့မရနိုင်ပြန်ဘူး။

❦ Fun ဆိုတဲ့ ဟာသတွေလား ... ခင်ဗျားမှာ ပိုက်ဆံသာရှိစမ်းပါ.. .ဝယ်ယူလို့ ရနိုင်တယ်။ ဒါပေမယ့်ဗျာ..
➳ Joy လို့ခေါ်တဲ့ ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့ မရနိုင်ပြန်ဘူးဗျာ....

❦ Girl မိန်းကလေးတွေလား ခင်ဗျားမှာ ပိုက်ဆံသာ ရှိပလေ့စေ.. .လိုချင်သလောက် (အပေါ်စား)မိန်းမတွေ ဝယ်ယူလို့ရနေတာပဲ။ ဒါပေမယ့်ဗျာ.. ..
➳ Love လို့သုံးတဲ့ အချစ်စစ် သို့တည်းမဟုတ် မေတ္တာ တရားကျ ငွေနဲ့ ဝယ်လို့ မရနိုင်ပြန်ဘူးဗျ။

❦ House ဆိုတဲ့ အဆောက်အဦး အိမ်တွေလား... ခင်ဗျမှာ ပိုက်ဆံသာ ရှိပလေ့စေ.. ..ဒီဇိုင်း အမျိုးမျိုး ဝယ်ယူလို့ ရနိုင်တယ်။ ဒါပေမယ့်ဗျာ.. ..
➳ Home ဆိုတဲ့ ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်နေထိုင်ရတဲ့ ဘဝအိမ် (မိသားစု)လေးကို ငွေနဲ့ဝယ်လို့ မရနိုင်ဘူး။

❦ Medicine ခေါ် ဆေးဝါးတွေလား ...ခင်ဗျားမှာ ပိုက်ဆံသာ ရှိပလေ့စေ.. . အမျိုးအစားစုံ ဝယ်ယူလို့ရနေတာပဲ။ ဒါပေမယ့်ဗျာ.. ....
➳ Health ဆိုတဲ့ ကျန်းမာခြင်းကို ငွေပေးဝယ်လို့ မရနိုင်ဘူး။

❦ Position တဲ့ အရေးပါတဲ့ နေရာ တစ်နေရာလား ကျွန်တော်တို့မှာ ငွေသာရှိစမ်းပါစေ..... ဝယ်ယူလို့ရတာ အများကြီးပဲ။ ဒါပေမယ့်ဗျာ.. ...
➳  Respect ဆိုတဲ့ လေးစားမှုကို ငွေနဲ့ဝယ်လို့ မရနိုင်ဘူး။

❦ Books စာအုပ်တွေလား ပိုက်ဆံသာ ရှိပလေ့စေ.. . ဝယ်ယူလို့ရနေတာပဲ။ ဒါပေမယ့်ဗျာ.. ..
➳ Knowledge ခေါ် အသိပညာကို ကျွန်တော်တို့ ငွေနဲ့ ဝယ်လို့မရပြန်ဘူး။

❦ ကျွန်တော်တို့တွေ ပိုက်ဆံရှိလို့ Clockဆိုတဲ့ နာရီတွေပဲ ဝယ်လို့ရတယ်။
➳ Time ဆိုတဲ့ အချိန်ကိုတော့ ငွေပေးဝယ်လို့ မရနိုင်ဘူး။

❦ ငွေပုံပေးပြီး လူတစ်ယောက်ကို သတ်ခိုင်းလို့ရတယ်။
➳ ကျွန်တော်တို့ ငွေပေးပြီး အသက်တစ်ချောင်း ဝယ်လို့မရဘူး။

❦ ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရတယ် ။
➳ ငွေပုံပေးပြီး အကောင်းမြင်ခိုင်းလို့ မရနိုင်ပြန်ဘူးဗျာ.. ..

❦ Leisure ဆိုတဲ့ အားလပ်အနားယူချိန်တွေလား... ပိုက်သာရှိရင် ကျွန်တော်တို့ ဝယ်ယူလို့ရနိုင်တယ်။ ဒါပေမယ့်ဗျာ.. .
➳ Peace ခေါ် ငြိမ်းချမ်းခြင်းကို ငွေပေးဝယ်လို့ မရနိုင်ပြန်ဘူးဗျ။

❦ ငွေပုံပေးပြီး တစ်ခုခုကို မလုပ်ဖြစ်အောင် တားဆီလို့ရပေမယ့်....
➳ လုပ်ပြီး ဖြစ်ပျက်သွားပြီး ဆိုရင်တော့ ငွေပေးလည်း ပကတိအတိုင်းတော့ ပြန်မရနိုင်တော့ဘူးဗျ။

❦ Acquaintances ဆိုတဲ့ အသိအကျွမ်းတွေလား ... ခင်ဗျားမှာ ငွေသာရှိစမ်းပါစေ.. . ဖန်တီးယူလို့ရနိုင်တယ်။
➳ Friends ခေါ်တဲ့ မိတ်ဆွေစစ်ကို ငွေနဲ့ဝယ်ယူလို့ မရနိုင်ဘူး။

❦ ငွေသာပုံပေးလိုက်စမ်းပါ.. တစ်စုံတစ်ဦးကို အရှက်ကွဲ၊ အကျိုးနည်း အောင်း လုပ်ပလိုက်လို့ရတယ်။ ဒါပေမယ့်.....
➳ အရှက်ကွဲ၊ အကျိုးနည်း ဖြစ်သွားပြီဆိုရင်တော့... ငွေပုံပေးပြီး သိက္ခာပြန်ဆည်လို့ မရဘူးဗျ။..

❦ Satellite ဆိုတဲ့ ဂြိုလ်တုတစ်လုံးတောင် ခင်ဗျားမှာ ပိုက်ဆံသာရှိစမ်းပါ....လက်ဝယ်ပိုင်ဖို့ ငွေနဲ့ဝယ်လို့ ရနိုင်တယ်လေ။ အဲ့......ဒါမယ့်....
➳ Techniques ခေါ်တဲ့ နည်းပညာကိုတော့ ငွေပေးဝယ်လို့ မရနိုင်ပြန်ဘူးဗျ။

❦ New Ageပေါ့ဗျာ၊ ခေတ်သစ် တစ်ခုကို ကျွန်တော်တို့သွားကြပါစို့။ ငွေရှိရင် သွားလို့ရတယ်ဗျ။ ဒါမှ အဖြစ်အပျက်ဟောင်းတွေကို မေ့လို့ရမှာပေါ့။ ဒါပေမယ့်.. ...ခက်တာက....
➳ Forgets ဆိုတဲ့ လုံးဝ မေ့ပျောက်ခြင်းကို ငွေနဲ့ပေးဝယ်လို့ မရနိုင်ပြန်ဘူးဗျာ.. ....

❦ ဖတ်ဖူးတာပြောရမယ်ဆိုရင်.......

➳ မွေးကတည်းက သူများသုံးသလို မသုံးနိုင်ဘဲ ...သူများသုံးသလို သုံးချင်နေသူ နဲ့
➳ အသိပညာ၊ အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ချင်သူတွေဟာ.....

ငွေရရင် ဘာမဆို လုပ်မယ့် လူစားမျိုးတွေပါတဲ့ဗျာ......

ကိုယ်ကျန်းမာ စိတ်ချမ်းသာ ကြပါစေ.....

No comments:

Post a Comment