Tuesday, April 25, 2017

သူနဲ့​တွေ့ရင်​လား......
ရည်းစားစကား​ပြောဖို့ မခက်​ပါဘူး
သူသိသွားရင်​သာ မျက်​နှာဘယ်​လိုထားရမလဲ
စဉ်းစားမရတာ ခက်​တယ်

ချစ်​ဖို့မခက်​ပါဘူး
ချစ်​မြဲချစ်​ဖို့ပဲ ခက်​တာ

တောင်းဆိုမှု

တောင်းဆိုမှု
✏✏✏✏✏

သက်​ပြင်းချသံ​တွေ မိုးချုန်းသံလို
ကြောက်​ခမန်းလိလိ ​မွှေ​နှောက်​ရင်း

စွန့်​ပစ်​ခံခဲ့ရတဲ့ အ​ရောင်​​ပျောက်​ညမှာ
ခန္ဓာမဲ့ သစ်​ပင်​အို​တောင်​ က​ယောင်​ကတမ်းနဲ့
ရွက်​​ကြွေတစ်​ရွက်​ ​မြေပြင်​သက်​ဆင်းရင်း

လေနု​အေးကတိုက်​ခတ်​ရင်း သံစဉ်​တစ်​ပုဒ်​ညည်းသွားတယ်
ကိုယ့်​ကို သနားလို့ထင်​ပါရဲ့ကွာ...

အဆက်​အသွယ်​ဖြတ်​ဖို့များ ​တွေးမိကြကုန်​ပြီလား
ဆက်​ဆံမှု​တွေ ရပ်​တန့်​ပစ်​မယ့်​အစား
ဟောင်းနွမ်း​နေတဲ့ အပြုအမူ​တွေကို
စွန့်​လွှတ်​ပစ်​ပြီး ဆန်းသစ်​ကြည့်​ကြစို့လား

Monday, April 10, 2017

ဘုန်းဘုန်း​ကျောင်းက ခမ်းနားလွန်းတယ်​ဘုရား

ဒကာ​လေး  ဒီ​ကျောင်းကို ဘုန်းဘုန်းပိုင်​တယ်​ ထင်​လား?

ဘုန်းဘုန်း​ကျောင်းထိုင်​ပဲ​လေ ဘုရား

တကယ်​​တော့ ဒကာ/မ​တွေ ပိုင်​တာပါ ။ ဘုန်းဘုန်းအ​ပေါ်ကိုယုံကြည်​မှုမရှိဘူး၊ သဒ္ဒါတရား မရှိဘူးဆိုရင်​ ဒီ​ကျောင်းမှာ ဘယ်​​နေလို့ရမှာလဲ
.......

ဒကာ​လေး ဗုဒ္ဓဘာသာကိုချစ်​လား

ချစ်​ပါတယ်​ဘုရား

သြကာသဘုရားရှိခိုး​ကော ရရဲ့လား

ရပါတယ်​ဘုရား

ဒါဆို ရပ်​ပြစ်​ရှစ်​ပါးက ဘာ​တွေလဲ ​ဖြေကြည့်​ပါဦး

အဲ....

ရတယ်​ဆို......

မြန်​မာတိုင်းရင်းသား​တွေကို​ရော ချစ်​ရဲ့လား

ချစ်​ပါတယ်​ဘုရား

တိုင်းရင်းသား ဘယ်​နှစ်​မျိုးရဲ့အ​ကြောင်းကို နှံ့နှံ့စပ်​စပ်​​လေ့လာဖူးလဲ

..........

ဒကာ​လေးချစ်​ခင်​ရတဲ့သူ​တွေနဲ့ အွန်​လိုင်း​ပေါ်မှာ အချိန်​ဘယ်​​​ကြောက်​ကြာကြာ စကားစမြည်​​ပြောလဲ

ကျွန်​​တော်​ပြုံ့းစိစိလုပ်​ရုံမှလွဲ မတတ်​နိုင်

ဒကာ​လေး ဘာသာတရားချစ်​တာ မြန်​မာတိုင်းရင်းသား​တွေချစ်​တာ ဘာနဲ့သက်​​သေပြမှာလဲ
ချစ်​ခင်​သူ​တွေနဲ့ အွန်​လိုင်းမှာ စကားစမြည်​​ပြောသလို ဒကာ​လေးချစ်​တဲ့အရာ​တွေ စကားစမြည်​​ပြောဖို့ တိုက်​တွန်းပါတယ်

နားလည်​ပါပြီဘုရား

ကိုယ့်​ရဲ့  ငါသိ ငါတတ်​ကစတဲ့  မာနစိတ်​ကို လူ​တွေရဲ့ ​ခြေဖ၀ါး ကပ်​​နေတဲ့ မြူမှုန်​​လောက်​ပဲ သ​ဘောထား။
ကိုယ့်​ကိုယ်​ကို ချိုးနှိမ်​နိုင်​သ​လောက်​ချိုးနှိမ်​ရင်​ ကြိုးစား။ ကျင့်​သားရရင်​ လူ​ရော စိတ်​ပါ ကျန်းမာချမ်းသာလာလိမ့်​မယ်

အခွင့်​ကြုံလို့ပြန်​ဆုံရင်​ ဘုန်းဘုန်းလိုချင်​တဲ့ လူမျိုးဖြစ်​​အောင်​ ကြိုးစားပါ့မယ်​ ဘုရား

Saturday, April 8, 2017

သူမသို့

ဆန်းဆန်းပြားပြားကြီးမှ မဟုတ်​တာ
တခမ်းတနားကြီး သိမ်းဆည်းစရာလည်းမရှိဘူး
မနက်​ကျ ​ပျော်​ရွှင်​စွာ နိုးထရလိမ့်​မယ်​ ထင်​ကျတာချည့်​ပဲ
နိုးတာမနိုးတာ ကိုယ်​နှင့်​​တော့မဆိုင်​ဘူး
ကျွန်​​တော့်​ကိုဆက်​သွယ်​ဖို့ သူမကသူ့အိမ်​ကို​ကြောက်​တယ်
တခါတရံ​တော့ ​ရော​ရော​ယောင်​​ယောင်
သူမအိမ်​ကို ကျွန်​​တော်​ပါ​ကြောက်​လို့ ​နောက်​မှ​နောက်​မှနဲ့ ဆက်​ဆံ​ရေးကြဲလာပါ​ရော
ဘဝဆိုတာ ​မေးခွန်​တို ရှည်​​တွေချည်း မကြုံဘူးတဲ့
သူမကိုယ်​တိုင်​ yes, no ​မေးခွန်းကို စာစီကုံး​နေတာ
အဆုံးမသတ်​တဲ့ သူမအချစ်​​တွေနဲ့အတူ
ဧရာလို​တွေ့ရာ ပုရိသ​တွေ တိုက်​စားလို့
ဘဝ​တွေကြမ်းတာမြင်​သာတယ်
လုပ်​ရပ်​​တွေ မရမ်းပါဘူး
ဘဝခါးတာကျ မြင်​သာတယ်
အသိ​တွေ​တော့ မဝါးခဲ့ပါဘူး
လက်​လမ်းမှီသ​လောက်​​ပေါ့ ကြိုးစားတယ်
တတ်​နိုင်​သ​လောက်​​ပေါ့ အားတင်းထားပါတယ်
ဆန်းဆန်းပြားပြားကြီးမှ မဟုတ်​တာ
ခမ်းခမ်းနားနားကြီး သတိမရရင်​​နေပါ

Friday, April 7, 2017

အ​လေးမထားသူသို့

အိမ်​မက်​ကိုလက်​​တွေ့ထင်​ခြင်း

မေတ္တာအဖြစ်​ ပန်းတစ်​ပွင့်​ကမ်းခဲ့​ပေမယ့်
ဘဝလမ်းမကြီး​ပေါ် မင်းစွန့်​ပစ်​ခဲ့တယ်​.....
စွန့်​ပစ်​ခံဆိုမှဖြင့်​ မင်းအတွက်​အမှိုက်​တစ်​စ​ပေါ့
တယုတယ​လေးပဲ အဲ့အမှိုက်​တစငါ့​မေတ္တာကို ​ကောက်​လို့
စနစ်​တကျအမှိုက်​ပုံးထဲ ခမ်းခမ်းနားနား  စွန့်​လိုက်​တယ်
ငါ့အတွက်​ တန်​ဖိုးကြီး​နေလို့​လေ
လက်​လှမ်းမှီသ​လောက်​​ပေါ့ မင်း​ကျောကို​ငေးကြည့် ​သေးတယ်
တတ်​နိုင်​သ​လောက်​​ပေါ့ အားတင်း​မျှော်​လင့်​ကြည့်​တယ်
ဘာလို့များအပြီးအပိုင် ​နှုတ်​ဆက်​စကား goodbye ကိုမ​ပြောခဲ့တာလဲ....
ကျေးဇူးပြု၍လမ်းကြုံရင်​ လမ်းခွဲနှုတ်​ဆက်​စကား​ပြော​ပေးပါ
goodbye လို့​လေ
ခု​တော့  မနက်​ဖြန်​​တွေ ​ရေတွက်​ရင်း
ကျော်​လာလိုက်​တဲ့အချိန်​​တွေ ဘယ်​လိုကုန်​မှန်းမသိ​ပေမယ့်
ရည်​ရွယ်​ချက်​​တွေက​တော့ ....
ဝိုးတိုးဝါးတား ​မှေးမိန်​​နေတာ​တောင်
ထမင်းဆီဆမ်း​လေး​တော့ ​တောင်း​နေမိ​သေးတယ်

Sunday, April 2, 2017

လိုအပ်​ချက်​ (၃)

လိုအပ်​ချက်​ (၃)

♥ ကိုယ်​နှင့်​အတူ ရှိ​နေစဉ်​မှာ
       ကိုယ့်​ကိုယ်​ချစ်​ခင်​ပါ​စေ။
♥ ခွဲခွာသွားတဲ့အခါမှာ
       ကိုယ့်​ကို လွမ်းဆွတ်​တမ်းတပါ​စေ။
♥ ​သေဆုံးသွားတဲ့အခါ
ကိုယ့်​ကိုနှ​မြော တသရှိပါ​စေ။

ခံစားမှု​သေဆုံးခြင်း

ခံစားမှု​သေဆုံးခြင်း
��������������

တမ်းတ စွဲမက်​ လွန်းလို့ထင်​တယ်
သုညနာရီဆိုရင်​ ​မောနီးပါလို့
ထထပြီး​ယောင်​​အော်​တတ်​​နေပြီ
၁၂နာရီ၊ ၁၂မိနစ်​မှာ 12:12လို့ အခြားသူကို​ပြော​နေ​ရော့လား
သုညနာရီ​တွေ တစ်​ညပြီးတစ်​ည ဖြတ်​​​ကျော်​ရင်း
တစ်​​ဆောင်းကုန်​ တစ်​​နွေ​ပြောင်း​လို့
အ​ဖော်​သစ်​​တွေနဲ့ ​ပျော်​ရွှင်​ပါ​စေ​လေ

အချိန်​​တော်​ကြာ စီးလာတဲ့ နွမ်းပါးပါး ဖိနပ်​တစ်​ရံ
မစီးချင်​လို့ အသစ်​​ပြောင်းရင်​​တောင်
အ​ဟောင်းထက်​​တော်​၍ ဖိနပ်​​ပေါက်​မှု ကင်းပါ​စေ​လေ

မှန်​​တော့မှန်​တယ်​၊ ဒါ​ပေမယ့်​ မှား​နေ​သေးတယ်​ တဲ့
နှစ်​သိမ့်​မှုတစ်​ချို့ဟာ ဝန်​ကြီးတစ်​ချို့နဲ့တူတယ်
ရယ်​စရာ​တွေ ဖြစ်​တတ်​လို့​လေ
ချစ်​​တော့ချစ်​တယ်​ ဒါ​ပေမယ့်​....
ရပ်​လိုက်​ကြပါ နာရီ​တွေကို အသစ်​ပြန်​သတ်​မှတ်​ချင်​တယ်
မှန်​ရင်​မှန်​ မှားရင်​မှားလို့​ကြားချင်​သူက
ချစ်​ရင်​ချစ်​ မုန်းရင်​မုန်း တစ်​ခုကိုမပြသချင်​ဘူးတဲ့လား

ခပ်​နွမ်းနွမ်းဥယျာဉ်​ ဒီရင်​ခွင်​ ကာဗွန်​မစုပ်​နိုင်​လို့
ကိုင်း​ပြောင်းလို့ အမြင့်​ပျံလည်း ပျံပါ​လေ
ကံရယ်​ကုန်​ ​ရေစက်​ခြားလို့
ပတ်​သတ်​မှု မရှိ​တော့ဘူးဆိုရင်​​တောင်
ခပ်​ဝါးဝါး​ဆေးသားနဲ့ ပန်းချီကား​တွေလို
ကဗျာမပီ စာမမှီ စာ​တွေဖွဲ့သီရင်း
ခပ်​နုံနုံနှလုံးသားကို မြှုပ်​နှံလို့
မင်း​ချမ်း​မြေ့ပါ​စေ​လေ

Saturday, April 1, 2017

ဆယ်​​ကျော်​သက်​နှင့်​အချစ်

ဆယ်​​ကျော်​သက်​နှင့်​အချစ်

ငယ်​ရွယ်​တဲ့​ယောက်ျား​လေးက အချစ်​ဆိုတဲ့  စိတ်​ခံစားမှု ​ရှေ့​တန်းမတင်​သင့်​ဘူး။ တကယ်​​တော့ အချစ်​ဆိုတာ The whole life ဘဝတစ်​ခုလုံးကြီး မဟုတ်​ဘူး​လေ။ ဘဝရဲ့ အစိတ်​အပိုင်း​လေး တစ်​ခုမျှသာ(just a part of life)ပါ။

တစ်​ဘက်​သတ်​ဆန်​တယ်​​လို့များ ​တွေးမိသွားလားပဲ။
တူနှစ်​ကိုယ်​ စွယ်​​တော်​လို တဲအိုပျက်​မှာ ထမင်းရည်​ပူလျှက်​ ဆိုတာ စာ​ရေးဆရာ​တွေရဲ့ စိတ်​ကူးထဲက ဇာတ်​လိုက်​​တွေပဲ ရှိတယ်​။ စိတ်​ကူးယဉ်​ခြင်းက​နေ တကယ့်​လက်​​တွေ့ ပတ်​ဝန်းကျင်​ကို ကြည့်​စမ်းပါဦးလား......
ရုန်းကန်​ကြရင်း မ​ပြေလည်​ က​တောက်​ကဆ​တွေနဲ့ ဆူဆူပူပူ​တွေ များလွန်းလို့ .....

♥  လူ့​လောကမှာ ကိုယ်​​ခြေ​ပေါ်ရပ်​တည်​နိုင်​တဲ့ အ​ခြေအ​နေမ​ရောက်​ခင်​ထိ အချစ်​ဆိုတဲ့ ခံစားမှုကို ​ရှေ့တန်းမတင်​ပါနဲ့♥

စိတ်​ညစ်​​နေတုန်း အား​ပေးသူလိုအပ်​တာ မှန်​တယ်​။ လှုပ်​ရှားရုန်းကန်​ရင်း ​မောပန်း​နေချိန်​ ​ရေတိုက်​သူရှိတာ ​ကောင်းတယ်​။ သို့​သော်​...
ဘဝရပ်​တည်​ဖို့ ကြိုးစား​နေချိန်​ ​ခြေတစ်​လှမ်း​ရှေ့လှမ်းတိုင်း လှမ်းတိုင်းမှာ ကိုယ်​​ခြေကို အချစ်​ဆိုတဲ့ ထူးခတ်​ခံ​နေရရင်​ ဘယ်​​ကောင်း​တော့မှာလဲ။

အွန်းလိုင်းမှာ ၈နာရီ​လောက်​​တွေ့၊ အပြင်​မှာ ၈နာရီ​လောက်​​တွေ့၊ စားချိန်​ဖုန်းဆက်​၊ အိပ်​ချိန်​လည်းဆက်​ မအိပ်​လည်းဆက်​၊ တခါတရံ သူ့ဘာသာ လန့်​နိုးလာတာ​တောင်​ အိမ်​မက်​ဆိုး​တွေမက်​လို့ ကိုကိုများတစ်​ခုခုဖြစ်​​နေမလားလို့ ဆိုပြီိး ညည့်​နက်​နက်​ထဆက်​တာကရှိ​သေး။

ချစ်​တာလည်းချစ်​​ပေါ့.....
ဘဝအတွက်​ကြိုးစား​နေချိန်​မှာ ကိုယ့်​ ရည်​မှန်းချက်​ထိခိုက်​တဲ့ထိ​တော့ မချစ်​ပါနဲ့ဦး။ ချစ်​တာနဲ့ ကိုယ့်​ကိုယ်​ကို ​ရောင့်​ရဲပစ်​တာ လွဲမှားပြီး ရည်​မှန်းရာအရပ်​ကို မ​ရောက်​တတ်​လို့ပါ....