Sunday, June 18, 2017

ဖြစ်​ပျက်

ဖြစ်​ပျက်

ချစ်​ရသူ.....
လက်​တွဲ့ဖို့မရည်​ရွယ်​ပါဘဲနဲ့
ပေ​တေ​နေတဲ့ ငါ့ဘဝထဲကို
ကြင်​နာမှု​တွေနဲ့ မင်းဘာ​ကြောင့်​များ
ဝင်​လာခဲ့သလဲ ခုထိစဉ်းစားမိတုန်းပဲ

ကံကြမ္မာ​လေးရာ......
မပြည့်​စုံနိုင်​တဲ့ ဘဝ​လေးမှန်းသိရက်​နဲ့
ရင်​ခုန်​စရာ​တွေနဲ့ အစထဲကသူ​လေးနဲ့
ဆုံခွင့်​မ​ပေးပါနဲ့​တော့လား

ရင်​ခုန်​သံ​လေးရာ.........
ခဏတာ​တွေနဲ့ မျှား​ခေါ်​နေတာ
တစ်​ဘဝစာမဟုတ်​ခဲ့ဘူးဆိုတာ
အစကတည်းကသိခဲ့ရင်
သိပ်​​ကောင်းမှာပဲကွာ.....

ခု​တော့...
ခဏတာရင်​ခုန်​မှု​တွေနဲ့
ကံကြမ္မာမိုးမှုန်​မွှားကြားမှာ
ချစ်​ရသူ​ပျောက်​ဆုံးလို့
ဘဝက နာကျင်​စရာ​တွေ ဖြစ်​ကုန်​ကြပြီ

မှတ်​မိ​သေးသည်
အိမ်​​ပေးသချာင်္၊ တွက်​မလာ၍
ဆယ်​ခါထိုင်​ထ၊ ချစ်​​ဒေါသဖြင့်
ဆုံးမဒဏ်​​ပေး ခံရ​သေး၏
က​လေးဘဝ ငယ်​စဉ်​ကလျှင်
ဆရာ့အ​ကြောင်း ငယ်​က​ကျောင်း

ယခုအခါ
သာယာရွှန်းစို တက္ကသိုလ်​တွင်
နုပျိုတက်​ကြွ ပါ​မောက္ခဟု
ဌာနသချာင်္ စင်​မြင့်​မှာလျှင်
နေရာတည်​တကျ ရခဲ့ပြီ။

သြော်​ ဒဏ်​​ပေးဆရာ ငယ်​ကရွာနှင့်
ငယ်​စာသင်​​ကျောင်း ​ကျေးဇူး​ဟောင်းကို
ပြန်​​ပြောင်း...မှန်းဆ သတိရတိုင်း
တမ်းတရင်​ခုန်​ အလွမ်းစုံဖြင့်
ယုံကြည်​မြတ်​နိုး သဒ္ဒါတိုး၍
ရှိခိုးပူ​ဇော်​မိတကား။
                          ကိုစန်း​ငွေ(ဧရာဝတီ)

Friday, June 9, 2017

နွမ်းခ​ရေ

နွမ်းခ​ရေ

ဒဏ်​ရာဗရပွနှင့်​ အပ်​​ကြောင်းထပ်​​နေတဲ့
ချစ်​တယ်​ စကားလုံးကို သူအမုန်းဆုံးပဲတဲ့​လေ
နှုတ်​ဆက်​တဲ့ စကားလုံး​လေးလှတယ်
ကျွန်​မက ည​ပျော်​ကြက်​တဲ့
ငါးစာ​ကျွေးတဲ့ လက်​​တွေ ရပ်​တန့်​သလိုပဲ
စကားသံ​တွေ ဆိတ်​သုန်းသွားတယ်
တကယ်​ဆိုရင်​.. ...
တိတ်​ဆိတ်​ခြင်းအသံက ပို၍ပင်​ ကျယ်​​လောင်​သည်​ မဟုတ်​လား?

သူမဘဝက ခါးတယ်
အသိ​တွေဝါး သတိ​တွေမှား အထိ​တွေများပြီး
ည​ပျော်​ကြက်​ ဖြစ်​သွားခဲ့တာ မဟုတ်​​​ကြောင်း​တော့
ရွှေမြင်​တင်​နဲ့ ​ရေလည်​ကို သက်​​သေတည်​လို့

ယမကာနံ့​တွေ ထုံမွှန်း​နေတဲ့ရင်​ခွင်​​တွေ
မယားကြီးငုတ်​တုတ်​နဲ့ ရင်​ခွင်​​တွေမှာ
အ​ခြေမဲ့ အ​နေမဲ့ဆို အ​သေဖဲ့ချင်​တဲ့
မသူ​တော်​စိတ်​ပိုင်​ရှင်​​တွေေ​ကြာင့်​မဟုတ်​ရင်
ဘာအ​ကြောင်း​ကြောင့်​မှ ဝင်​မမှီချင်​သူတဲ့

သေ​သောက်​သူလက်​ထဲက ဆိတ်​သူငယ်​လို
အလပ္ပါယ်​ဆရာလက်​ထဲက ​မြွေနဂါးလို
အပူ​တွေ​သောက်​လိုက်​တဲ့ မိခင်​​လောင်းဗိုက်​ထဲက
သ​န္ဓေသားဦး​ခေါင်းလို
ဘယ်​သူဖြစ်​ချင်​မှာတဲ့လဲ

အပြုံးက တက်​ကြွလန်းဆန်းတယ်
မျက်​လုံးက အားမာန်​အပြည့်​နဲ့မို့
အကြည့်​​တွေက ​တောက်​ပလွန်းတယ်
ပေတရာဝဲယာက ​ဘုတ်​​တွေ​ပေါ်မှာ
ဝေဒနာမ​ကြေညာသူ
သက်​​သေအဖြစ်​ မျက်​ရည်​စ​တွေ ကျမပြသူ
လျှောက်​ချင်​လို့ ​လျှောက်​​လျှောက်
မ​လျှောက်​ချင်​ပဲ ​လျှောက်​​လျှောက်
နောက်​လှည့်​မရမှ​တော့ လမ်းခွဲတစ်​ခုထိ​ဆက်​​လျှောက်​မယ်​ဆိုသူ

အရမ်းလှတယ်​.... သူက နွမ်း​နေတဲ့ခ​ရေလိုပဲ
ရနံ့တစ်​ခုလို အနာဂတ်​က ​လေထုထဲလွှင့်​လို့
လမ်းခွဲမ​ရောက်​ခင်​ လပိုင်းအတွင်း
နွမ်းခ​ရေကို ကြမ်း​ခြေလိုသူ​တွေ
ဖိနပ်​​တွေနဲ့ ကင်းပါ​စေဆု​တောင်းရင်း
ရောင်​ခြည်​​မျှော်​ရင်း အ​မှောင်ထဲ လမ်း​လျှောက်​ကြဦးစို့

သို့​လော(၃)

သို့​လော (၃)

ဘာသာဝင်​ ​လေးဦးတို့မှာ ဘာသာတရားအရ အရက်​မ​သောက်​ကြ၊ ဘာသာတရားကွဲပြားမှုအရ တစ်​ဦးကိုတစ်​ဦးလည်း အကူအညီမ​ပေးကြ၊ အပြစ်​စကားလည်းမ​ပြောကြ၊ ဘာသာမရှိသူမှာ ဘာသာအ​ပေါ်မစဉ်းစားဘဲ ​စီးပွား​ရေးအရ ​မွေးမြူ​ရေးလုပ်​သည်​။ အရက်​ကို​နေ့စဉ်​ တစ်​ပက်​သာ​သောက်​သည်​။ သူတစ်​ဦးအား အရာရာမှာ အကူအညီ​ပေး​လေ့ရှိသည်​။ ဤငါးဦးအနက်​ မည်​သူ့ကို လူ​ကောင်းဟု ​ခေါ်ဆိုမည်​နည်း။

သို့​လော (၂)

သို့​လော (၂)

မှန်​​သောစကားကို သစ္စာဟုဆိုခြင်းမှာ လွယ်​သကဲ့သို့ မှန်​သည်​ဆို​သော စကားမှာလည်း မည်​သို့နည်းဟု သိရှိရန်​ လိုမည်​မဟုတ်​ပါ​လော?

ကျွန်ုပ်​အ​တွေးရမူ..
ဒုစရိုက်​သမားကား ဒုစရိုက်​မှုပြီး​မြောက်​ရန်​ ပြုပြီးဒုစရိုက်​မှုကို သစ္စာပြု​နေလျှင်​ ခက်​​ပေလိမ့်​မည်​ မဟုတ်​​လော?

သို့​လော(၁)

သို့​လော (၁)

စက်​ကြီး ၁၃ပါးစာအရ မိုးကြိုးပစ်​သူမှာ သိကြားမင်းဖြစ်​​နေ၍ ​သောတာပန်​သိကြားမင်းက ​မြေပြင်​ကို ဘုရားပုထိုးပါ မ​ရှောင်​ မိုးကြိုးပစ်​​နေခြင်းမှာ သိကြားမင်း ပစ်​ကွင်းမှားခြင်း​လော? ရုပ်​တုဘုရားအတုများကို ဘုရားဟူ၍သတ်​မှတ်​​နေခြင်းအစား (ရင်​တွင်​ ဘုရားဂုဏ်​​တော်​   တရားဂုဏ်​​တော်​ တည်​​နေ​စေလို​သော) မိမိရင်​မှာ ဘုရားတည်​​နေ​စေလို​သော ​ကြောင့်​​လော?