မခမ်းနားတဲ့အသိုက်
အစိမ်းရောင် ကမ္ဘာမြေပေါ်မှာ
သံယောဇဉ် ခြံစည်းရိုးဝန်းရံလျက်
မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့
အိမ်တစ်လုံး ဖန်တီးချင်တယ်
အပူဒဏ်ခံရည် ရှိမရှိတော့ မသေချာ
ကလန့်တစ်ခုမှ မရှိတဲ့ ပြတင်းပေါက်တွေက
ဒိုးယိုပေါက် စီးဆင်းနေမယ့်
လရောင်စမ်း ညချမ်းတွေရှိမယ်
လပြည့်ညတိုင်းတော့ လထွက်ချင်မှထွက်မယ်
မိုးတွင်း မိုးစက်တွေ မထိမှန်ဖို့
အမိုးအဖြင့် ကိုယ့်လက်တစ်စုံရှိမယ်
နှင်းမှုန်ကြားမှာ နွေးထွေးစေမို့
ရင်ခွင်တစ်ခုနဲ့
နွေရာသီ ချစ်ချစ်တောက်ပူတဲ့ နေ့ခင်းတွေမှာ
ရဲရဲဝံ့ ကျောခင်းလို့ အံတုပေးမယ်
ကဲ.......
နှုတ်အားထက် လုပ်အားနဲ့ သက်သေပြမှာမို့
မင်းဝင်ရဲရင် တံခါးဖွင့်ပြီးသားပဲ
#MMO